Wednesday, November 23, 2016

အကောက်ခွန်မဲ့ ပစ္စည်းဖမ်းမိသည့် အကောက်ခွန် ၀န်ထမ်းအား ပစ္စည်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ချီးမြှင့်မည်ဟု ပြည်ထောင်စုဝန်ကြီးပြော

တရားမ၀င်ကုန်သွယ် ပစ္စည်းများ ဖမ်းဆီးပေးသည့် အ ကောက်ခွန်ဌာန၀န်ထမ်းများအား အဆိုပါ ပစ္စည်း အမှန်တကယ် တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ဆု ကြေးအဖြစ် ချီးမြှင့်ပေးမည်ဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။ နိုဝင်ဘာ ၂၂ ရက်က မကွေး တိုင်း အောင်လံမြို့ ရွှေရတုခန်းမ တွင် ပြည်ထောင်စုဝန်ကြီးနှင့် ၀န် ကြီးဌာနအောက်ရှိ ဦးစီးဌာန ၀န် ထမ်းများ တွေ့ဆုံပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အထက် ပါအတိုင်း ပြောကြားခြင်း ဖြစ် သည်။‘‘ကျွန်တော်တို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက် မှာဆိုရင် ကာစတန်ဌာန (အ ကောက်ခွန်ဌာန)က လာဘ်ပေး လာဘ်ယူမှုတွေများတယ်။ အ ကျင့်ပျက်ခြစားမှုများတယ်။ အဲဒီ လို ပြောတာတွေရှိတယ်။
ဒါကို ဖြေလျှော့ဖို့ဆိုရင် ကျွန်တော်က ဒီလို စဉ်းစားတယ်။ ၀န်ထမ်းတစ် ယောက်က သူပင်စင်ယူတဲ့အခါ မှာ နေစရာအိမ်ခန်းလေးဖြစ်ဖြစ် ရှိမယ်။ သူတာဝန်ထမ်းဆောင် နေစဉ်မှာ သူ့ရဲ့ ကြိုးစားအားထုတ် မှုအပေါ်မှာ နိုင်ငံတော်က အသိ အမှတ်လည်းပြုမယ်။ ထိုက်တန် တဲ့ ဂုဏ်ပြုဆုလည်းရမယ်ဆိုရင် လာဘ်စားတာရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဒီကာစတန် (အ ကောက်ခွန်ဌာန)က စပြီး စမ်းလုပ်မယ်။ သူက တရားမ၀င်နည်း လမ်းနဲ့ ကုန်သွယ်မှုလုပ်တဲ့ပစ္စည်း တွေကို ဖမ်းဆီးရမိတယ်ဆိုရင် အရင့်အရင်က ဆုကြေး ၁၀ ရာ ခိုင်နှုန်းပေးတယ်။ အခုက ၅၀ ရာ ခိုင်နှုန်းပေးမယ်’’ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ပြောသည်။

ဖမ်းဆီးရမိသည့် ပစ္စည်း၏ အမှန်တကယ် တန်ဖိုးအတိုင်း တွက်ချက်ပေးအပ်မည် ဖြစ်ပြီး ယခင်နည်းလမ်းများကဲ့သို့ ဖမ်း ဆီးရမိသည့် ပစ္စည်းကို တန်ဖိုး တွက်ချက်ကာ နိုင်ငံတော်သို့ အပ် နှံပြီး ခွင့်ပြုချက်ရရှိမှသာ ပြန် လည်ထုတ်ယူရသည့် အချိန် ကြာမြင့်သည့် စနစ်မျိုးဖြင့် ဆုချီး မြှင့်မည်မဟုတ်ဘဲ ဖမ်းဆီးရမိ လာပါက ချက်ချင်းတန်ဖိုးတွက် ချက်ကာ အမြန်ဆုံး ဆုချီးမြှင့် သည့်စနစ် ကျင့်သုံးမည် ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုပါ ဆုချီးမြှင့်သည့်စနစ် အမြန်ဆုံးအကောင်အထည်ပေါ် ရေးအတွက် သက်ဆိုင်ရာညွှန် ကြားရေးမှူးချုပ်များနှင့် အစည်း အဝေးထိုင်ပြီး ပြည်ထောင်စုအ စိုးရအဖွဲ့ထံ တင်ပြပြီးဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။ လင်းသက်နိုင်

No comments:

Post a Comment