Wednesday, November 30, 2016

"မြို့နယ်တရားသူကြီးအား နယ်ပြောင်းရွှေ့၍ ရွာငံဒေသခံများ ဆန္ဒထုတ်ဖော်"

သစ်ခိုးထုတ်မှုအား စစ်ဆေးပေးနေသည့် ရွာငံမြို့နယ်တရားသူကြီးအား နယ်ပြောင်းရွှေ့သည့်အပေါ် မကျေနပ်သည့် ရွာငံ ဒေသခံ ၂၅၀ ကျော်က ယနေ့( နိုဝင်ဘာ ၃၀ ရက်) နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ရွာငံမြို့ ရွှေပွင့်လင်း ဘုရားအနောက်ဘက်မုဒ်မှ စတင်၍ ပြည်ထောင်စု လမ်းမကြီးအတိုင်း စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ စီတန်းလည့်လည်ရာတွင် သစ်ခိုးထုတ်မှုအတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှန်တိုင်း စစ်ဆေးပေးနေသည့် မြို့နယ် တရားသူကြီးအား ပြန်လည်ခန့်ထားပေးရေး၊ သဘာဝသယံဇာတ သစ်တောပတ်ဝန်းကျင်ထိန်းသိမ်းပေးရေးနှင့် တိုင်းရင်းသားတို့၏ အသံနားထောင်ပေးရေး ၊ အစရှိသည့် ကြွေးကြော်သံတို့အား ရွာငံဒေသခံတို့က ဟစ်ကြွေးခဲ့ကြသည်။

No comments:

Post a Comment