Thursday, November 24, 2016

ရှမ်းမြောက်တွင် တိုက်ပွဲအချို့ဆက်လက်ဖြစ် အရပ်သားနှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

တပ်မတော်နှင့်တိုင်းရင်း သားလက်နက်ကိုင်ပူးပေါင်းတပ် ဖွဲ့များအကြား နိုဝင်ဘာ ၂၃ ရက် က ရှမ်းပြည်နယ် အရှေ့မြောက် ဒေသတွင် တိုက်ပွဲအချို့ ဆက် လက်ဖြစ်ပွားရာ အရပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ သည်။   ထို့ပြင် တိုက်ပွဲများကြောင့် မူဆယ်မြို့သို့ စစ်ဘေး ဒုက္ခသည် ၅၀၀ ကျော် ထပ်မံ ရောက်ရှိလာကြောင်း သတင်းရရှိသည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၊ တအာင်းလက်နက်ကိုင်အ ဖွဲ့(TNLA)၊ ကိုးကန့်လက်နက် ကိုင်အဖွဲ့ (MNDAA)တို့သည် နို ဝင်ဘာ ၂၀ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင်ယင်းဒေသရှိ လုံခြုံရေးစခန်းများ ကို စတင်တိုက်ခိုက်ရာ တပ်မ တော်နှင့် ယင်းအဖွဲ့များအကြား တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေခြင်း ဖြစ်သည်။



နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသ ကွတ်ခိုင်မြို့ အ နောက်တောင်ဘက် ခြောက်မိုင် ခန့်အကွာရှိ တပ်မတော်စခန်းကို KIA၊ TNLA အဖွဲ့က လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လာ ရောက်တိုက်ခိုက်ရာ ထိခိုက်ဒဏ် ရာရသူမရှိကြောင်း တပ်မတော် က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်အရှေ့မြောက် ဒေသ နမ့်ခမ်းမြို့ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာတွင် နိုဝင် ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပစ် ခတ်မှုများဖြစ်ပွားရာ ကောင်းကပ် ရွာ ရပ်ကွက်(၁) ရှိ ဒေသခံနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ ကြောင်း နှစ်ဖက် သတင်းထုတ် ပြန်ချက်နှင့်ပြောကြားချက်များအ ရ သိရသည်။ အဆိုပါအရပ်သား သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့်ပတ် သက်၍ အပြန်အလှန်စွပ်စွဲပြော ဆိုမှုများရှိနေသည်။

ယင်းဖြစ်စဉ်၌ ထိခိုက်ဒဏ် ရာရရှိခဲ့သူအား နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေလျက်ရှိသည်ဟု တပ်မတော်က သတင်းထုတ်ပြန် သည်။

KIA နှင့် TNLA အဖွဲ့တို့သည်နိုဝင်ဘာ ၂၂ ရက်ညကလည်း ကွတ်ခိုင် တပ်နယ်အတွင်းသို့ လက်နက်ကြီးဖြင့် လာရောက်ပစ် ခတ်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

မုံးကိုး-မုံးပေါ်လမ်းမပေါ်ရှိ ‘တိန့်ကျာကျိုက်’ ရွာတစ်ဝိုက်တွင် လေးနာရီကြာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်က လေကြောင်းတိုက် ခိုက်မှုများပြုလုပ်ခဲ့သည်ဟု KIA၊ MNDAA နှင့် TNLA တို့ပါဝင်သောပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၂၃ ရက်ည၌ သတင်းထုတ်ပြန်သည်။

‘‘တိုက်ပွဲတွေ နေ့တိုင်းဆက် နေပါတယ်။ ၁၀၅ မိုင်မှာတော့ မနက်က တိုက်ပွဲဖြစ်သေးတယ်။ ပြည်ထောင်စုလမ်းမကြီးတစ် လျှောက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ မုံးကိုးဘက် လည်း တိုက်ပွဲဆက်ဖြစ်နေတယ်။ ပြီးတော့ မန်တုံဘက်မှာလည်း ဆက်ဖြစ်နေပါတယ်’’ ဟု TNLA အထွေထွေအတွင်းရေးမှူး တာ့ ဘုန်းကျော်က နိုဝင်ဘာ ၂၃ ရက် ညတွင် ပြောကြားသည်။

နမ့်ဖက်ကာ-မူဆယ်ကား လမ်း မော်တောင်းကွေ့အနီးတွင် နိုဝင်ဘာ ၂၃ ရက်ညနေက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်က နယ်မြေရှင်းလင်း ရေးများပြုလုပ်ပြီးနောက် မူဆယ် -လားရှိုးလမ်းမတွင် နိုဝင်ဘာ ၂၃ ရက်ညနေကစ၍ ယာဉ်များပုံမှန် အတိုင်း သွားလာနိုင်ခဲ့ကြောင်း သိရသည်။ ကွတ်ခိုင်မှ မူဆယ် ကားလမ်း တစ်လျှောက်တွင် လည်း တပ်မတော်မှ စစ်သည်များက လုံခြုံရေးယူထားသည်ကို မြင် တွေ့ရသည်။

တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ မူဆယ်မြို့သို့ လာ ရောက်တိမ်းရှောင်လျက်ရှိရာ နို ဝင်ဘာ ၂၃ ရက်တွင် စစ်ဘေး ရှောင်ပြည်သူ ၅၅၀ ကျော် မူဆယ် မြို့သို့ ထပ်မံရောက်ရှိလာကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မူဆယ်မြို့တွင် ဖွင့်လှစ်ထား သည့် စစ်ဘေးရှောင်ကယ်ဆယ် ရေးစခန်း ကိုးခု၌ နိုဝင်ဘာ ၂၂ ရက်အထိ စစ်ဘေးရှောင်ပြည်သူ ၃,၂၀၀ ရှိရာ နိုဝင်ဘာ ၂၃ ရက်၌ ၅၆၅ ဦး ထပ်တိုးရောက်ရှိလာ ကြောင်း၊ နေရပ်သို့ပြန်သူ ၅၅ ဦး ရှိကြောင်း၊ လက်ရှိတွင် မူဆယ်မြို့၌ စစ်ဘေးရှောင်ပြည်သူ ၃,၇၀၀ ကျော်ရှိကြောင်း အစိုးရက သ တင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment