Saturday, November 19, 2016

အလက်ပိုမြို့တွင် ဗုံးကြဲမှုအစီအစဉ်ကို အသစ်ပြောင်းလဲရန် ရုရှားနှင့် ကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ဗော့နှင့် အလက်ပိုမြို့တွင် ဗုံးကြဲမှုအစီအစဉ်သစ်ကို စတင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပီရူးနိုင်ငံတွင် ကျင်းပသည့် အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး အတွင်း နှစ်ဦးသား ဆွေးနွေးခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားရာတွင် ယခုသီတင်းပတ်အတွင်း သူပုန်တို့ထိန်းချုပ်ထား သော အလက်ပိုမြို့တွင် ရုရှားစစ်တပ်က လေကြောင်းထိုးစစ်များကို လုပ်ဆောင်နေသည်ကို ငြင်းဆိုခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး လတ်ဗော့က "ကျွန်တော်တို့ရဲ့လေတပ်နဲ့ ဆီးရီးယားလေတပ်တို့ဟာ အီဒစ်နဲ့ ဟုမ်းစ်ပြည်နယ်တွေမှာ ဆီးရီးယားနိုင်ငံမှာရှိတဲ့ မိုဆူးလ်မြို့ကနေ ထွက်ခွာသွားပြီလို့ ယူဆရတဲ့ အိုင်အက်စ်အဖွဲ့တွေရန်ကနေ ကာကွယ်ဖို့ အလုပ်လုပ်ခဲ့ကြပါတယ်" ဟုဆိုသည်။ ယခုသီတင်းပတ်အတွင်း အလက်ပိုမြို့အပေါ် လေကြောင်းထိုးစစ်များနှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ပြောသည်။ သီတင်းလေးပတ်ကြာပြီးနောက် ရုရှားနိုင်ငံအပါအ၀င် ဆီးရီးယားအစိုးရနှင့် မဟာမိတ်တပ်များက သောင်းကျန်းသူများကို စစ်ရေးအရ ချေမှုန်းခြင်းတစ်ရပ်အနေဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဗုံးကြဲတိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည်။
Ref:Reuters

No comments:

Post a Comment