Monday, November 28, 2016

တရုတ်နှင့် အာဆီယံနိုင်ငံသားများပါဝင်သည့်အဖွဲ့ ဘားအံမြို့သို့လည်ပတ် ရန်မြ၀တီ-မဲဆောက်ဝင်ထွက်ဂိတ်မှ ထွက်ခွာ

တရုတ်နှင့် အာဆီယံနိုင်ငံသားများပါဝင်သည့် အဖွဲ့သည် ဘားအံမြို့သို့လည်ပတ်ရန် မော်တော်ယာဉ် ၁၆ စီးဖြင့် မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးတံတား ကြီးကိုဖြတ်သန်းကာ မြ၀တီ-မဲဆောက် ၀င်ထွက်ဂိတ်မှ နိုဝင်ဘာ ၂၇ ရက်က ထွက်ခွာသွားကြောင်း သိရသည်။Myanmar Tourism Resources Co., Ltd၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံသားဧည့်သည် Mr.Li Yiwen ဦးဆောင်သော တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံသားများပါဝင်သည့် အဖွဲ့ဝင် ၈၇ ဦးတို့သည် ၎င်းင်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် ၁၆ စီးဖြင့် မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတားထိပ် သို့ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ က ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။


အဆိုပါအဖွဲ့နှင့်အတူ မြ၀တီ ခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ချော ကြည်ကြည်နှင့် ကုမ္ပဏီမှဧည့်လမ်း ညွှန်တစ်ဦးတို့ လိုက်ပါသွားမည်ဖြစ် ပြီး နိုဝင်ဘာ ၂၉ ရက်တွင် မြ၀တီ မြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ မည်ဟု သိရသည်။မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ချုပ်ဆိုထားသော နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူစာ ချုပ်အရ ဖွင့်လှစ်ထားသည့် မြန်မာ- ထိုင်းနယ်စပ်ဂိတ်များတွင် နိုင်ငံခြား သား လူဝင်/လူထွက်နှင့်ပတ်သက်ပြီး လုပ်ငန်းတိုးမြှင့်ဆောင်ရွက်သည့် အနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် ဗီ ဇာပါရှိသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ၀င်ရောက် လည်ပတ်ခွင့်ကို ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်မှစတင်ပြီး ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
KKTM(MWD), MOI

No comments:

Post a Comment