Saturday, November 19, 2016

နယူးယောက်တက္ကသိုလ်မှ ရာနှင့်ချီသည့် ကျောင်းသားများ ဒေါ်နယ်ထရမ့်ကို ဆန္ဒပြ

အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်က ရာနဲ့ချီတဲ့ ကျောင်းသားတွေဟာ စာသင်ခန်းတွေကို ကျောခိုင်းပြီး နယူးယောက်မြို့ထဲမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ပါတယ်။ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ပြီး တက္ကသိုလ်ပရိဝုဏ်ကိုလည်း ကင်းလွတ်နယ်မြေအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ အမေရိကန်နိုင်ငံအတွင်း ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြနေတာ ဒုတိယသီတင်းပတ်ထဲ ရောက်လာပါပြီ။ သူ့အောင်ပွဲကို စိတ်ပျက်လက်ပျက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံတလွှား ညပိုင်းတွေမှာလည်း မငြိမ်မသက် ဖြစ်ခဲ့ပါတယ်။ေ ရွးကောက်ပွဲရလဒ် ထွက်လာကတည်းက ထောင်သောင်းချီနေတဲ့လူတွေဟာ နယူးယောက်ကနေ လော့စ်အိန်ဂျလိစ်မြို့ဆီ ချီတက်ခဲ့ကြပြီး ဒေါ်နယ်ထရမ့်က လူကြိုက်များမှုမဲမှာ ရှုံးနိမ့်ခဲ့တဲ့အချက်ကို ထင်သာအောင် ပြသခဲ့ကြပါတယ်။



ဒါပေမယ့် အမေရိကန်ရဲ့ မဲပေးမှုစနစ်အရ အဖွဲ့ဝင် ၅၃၈ ဦးပါတဲ့ Electoral College မှာ သမ္မတဖြစ်လောက်အောင် ဒေါ်နယ်ထရမ့်က မဲရခဲ့ပါတယ်။

မြို့ပြဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့သူတွေက ဒေါ်နယ်ထရမ့်ဟာ သူတို့ရဲ့ အရပ်သားနဲ့ လူ့အခွင့်အရေးတွေကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ၊ မွတ်စလင်တွေနဲ့ အမျိုးသမီးတွေအပေါ် ရန်လိုတဲ့စကားတွေ မဲဆွယ်ပွဲတွေမှာ ပြောခဲ့တာကိုလည်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

ရုပ်သံငွေကြယ်ပွင့် ဖြစ်ခဲ့ဖူးတဲ့ ဒေါ်နယ်ထရမ့်ဟာ အမျိုးသမီးတွေအပေါ် ကာမဆိုင်ရာ အလွဲသုံးစားလုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံရပြီး ဒေါ်နယ်ထရမ့်ကတော့ စွဲချက်ကို ငြင်းပါတယ်။

ဒီမိုကရက်ပါတီက ဟီလာရီကလင်တန်ဟာ ဒေါ်နယ်ထရမ့်ကို နယူးယောက်မြို့မှာ ထောက်ခံမဲ ၇၉ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

No comments:

Post a Comment