Wednesday, November 23, 2016

စက်သုံးဆီဂိုဒေါင်မီးလောင်

လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၂) ဆိပ်ကမ်းသာလမ်း၊ မ/၂၄၉(ခ)၊ လယ်ကွင်းအတွင်းရှိ စက်သုံးဆီဂိုဒေါင်တွင် နိုဝင်ဘာ ၂၂ ရက် ည ၁၁ နာရီ ၃၃ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ယနေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက် ၁၂ နာရီ ၅ မိနစ် အချိန်တွင် မီးညွန့်ကျိုးသွားပြီး ဆက်လက်ငြှိမ်းသတ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါသည်။ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၂) ဆိပ်ကမ်းသာလမ်း၊ မ/၂၄၉(ခ)၊ လယ်ကွင်းအတွင်းရှိ စက်သုံးဆီဂိုဒေါင်မီးလောင်မှုကို နိုဝင်ဘာ ၂၃ ရက် နံနက် ၁၂ နာရီ ၂၀ ခန့်က မီးထိန်းနိုင်သွားပြီး လက်ရှိအချိန်တွင် မီးကြွင်းမီးကျန်များအား ဆက်လက်ရှင်းလင်းနေသည်ကို တွေ့ရစဉ်

No comments:

Post a Comment