Tuesday, November 22, 2016

မူးယစ်ဆေးဖြတ်သူများအား ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာတွင် ဆေးဖြတ်သူများပူးပေါင်းပါဝင်မှု၁၀ ရာခိုင်နှုန်းခန့်သာရှိဟုဆို

မူးယစ်ဆေး ဖြတ်သူများအား ပြန်လည်ထူထောင် ရေးလုပ်ဆောင်ရာတွင် ၎င်းင်းတို့၏ပူးပေါင်းပါဝင်မှုမှာ ၁၀ ရာခိုင်နှုန်း ခန့်သာရှိနေကြောင်း အဆိုပါအစီ အစဉ်ကို လုပ်ဆောင်လျက်ရှိသော မူးယစ်ဆေးစွဲသူများ
ပြန်လည်ထူ ထောင်ရေးအသင်း(မြန်မာ)မှ ဥက္ကဋ္ဌ ဖြစ်သူ ဦးစံရှိန်က နိုဝင်ဘာ ၂၁ ရက် က ဒီမိုကရေစီတူဒေးသို့ပြောသည်။ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်းသည်ြ မန်မာ နိုင်ငံအတွင်းရှိ မူးယစ်ဆေးစွဲသူများ အား ဆေးဖြတ်နိုင်ရန် သက်ဆိုင်ရာ မူးယစ်ဆေးဖြတ်ပေးရာနေရာများ နှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ဆေးဖြတ်ပြီးသူများ အား ပြန်လည် ထူထောင်ရေးနှင့် ဆေး လုံးဝပြတ်သွားနိုင်ရန် ကူညီလုပ်ကိုင်ေ ပးလျက်ရှိရာ ဆေးဖြတ်ပြီးသူများ အနေဖြင့် ပြန်လည်ထူထောင်ရေး တွင်ပါဝင်မှုမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။

၎င်းင်းက ""အဲဒီလိုပူးပေါင်းဆောင် ရွက်မှုအားနည်းတဲ့အတွက် ဆေးဖြတ် သူတွေအနေနဲ့ ဆေးလုံးဝပြတ်သွား ဖို့ခက်ခဲနိုင်တယ်။ သူတို့ရဲ့မိဘတွေ အနေနဲ့လည်း ပူးပေါင်းဆောင်ရွက် ဖို့လိုအပ်သလို သက်ဆိုင်ရာဌာနအ သီးသီးကလည်း ပူးပေါင်းပါဝင်ဆောင် ရွက်ကြဖို့လိုအပ်ပါတယ်"" ဟု ဆက် လက်ပြောသည်။အဆိုပါအသင်းအနေဖြင့် မူးယစ်ဆေးဖြတ်လိုသူများအား
ဆေး ဖြတ်နိုင်သောနေရာများနှင့်ချိတ်ဆက်ကူညီပေးခြင်းများလုပ်ဆောင်လျက် ရှိနေခြင်းဖြစ်သည်။
""ကျွန်တော်တို့က ဆေးဖြတ်ချင် တဲ့သူတွေကို ဆေးဖြတ်နိုင်တဲ့နေရာ
တွေနဲ့ချိတ်ဆက်ပြီး ကူညီပေးတယ်။ ပြီးတော့ ဆေးရုံဆေး
ခန်းဆိုတာက ဆေးဖြတ်ရုံပဲ။ ဖြတ်ပြီးနှစ်ပတ်လောက် နေရင် ပြန်လွှတ်လိုက်တာ။ ဆေးဖြတ် ပြီးတာနဲ့ ဆေးကပြတ်သွားတာမျိုးမဟုတ်ဘူး။ နောက်ဆက်တွဲ
ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးတွေလိုအပ်တယ်။ အဲ ဒီလိုမျိုးတွေကို ကျွန်တော်တို့ကလုပ် ဆောင်ပေးတာ။ ဒါပေမဲ့ အဲဒီလိုနောက် ဆက်တွဲပြန်လည်ထူထောင်ရေးလုပ် ဖို့ကို ပြန်ပြီးဆက်
သွယ်လာတဲ့သူတွေ က ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်""ဟု ဦးစံရှိန်က ဆက်လက်ပြောသည်။
ZTH, HWA

No comments:

Post a Comment