Sunday, November 20, 2016

ကလေးမြို့နယ် သာသနာရေး ဒုဦးစီးမှူး ထော်လာဂျီပေါ်မှ ပြုတ်ကျသေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် သာသနာရေး ဦးစီးဌာန မှ ဒုဦးစီးမှူး တစ်ဦး ထော်လာဂျီ ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့သော လူသေမှုတစ်ခု ​အောက်​တိုဘာ ၁၈ရက်နေ့ ညနေ ၆နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ သာသနာ​ရေး ဒုဦးစီးမှူး ဦးဇော်မင်းလတ် (၃၀)နှစ်သည် ကလေးမြို့နယ် ထိုမာရွာမှ သာယာဝတီကျေးရွာရှိ မင်္ဂလာဆောင်သို့ သွားပြီးနောက် ပြန်လာကြရာ ရွာအထွက်တွင် ထော်လာဂျီပေါ်မှ ပြုတ်ကျပြီး ၀မ်းဗိုက်အောင့်သဖြင့် ကလေးမြို့ပြည်​သူ့ဆေးရုံသို့ သွားရောက်ကုသခဲ့သည်။ ဆေးရုံအရောက်တွင် ရရှိသော အတွင်း ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၄င်းဖြစ်ရပ်ကြောင့် ထော်လာဂျီ မောင်းနှင်သူ ရွှေလုးံ(၃၂)နှစ် ထိုမာရွာနေသူအား အရေးယူပေးရန် ရဲအုပ်လယ်မန်းမှ ကလေးမြို့မ ရဲစခန်းတွင် အမှုဖွင့်ရာ ပုဒ်မ ၃၀၄-က ဖြင့် လက်ခံထားကြောင်း သိရသည်။ ဟိန်းလင်းသန့်

No comments:

Post a Comment