Wednesday, November 23, 2016

မြိုင်ကြီးငူဒေသတွင် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းရှင်းလင်းနေသည့် တပ်မတော်သားနှစ်ဦး ကျဆုံး

 မြန်မာ့တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ် ပူးပေါင်းအဖွဲ့နှင့် ဒီကေဘီ အေခွဲထွက်အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သော မြိုင်ကြီးငူဒေသတွင် မိုင်းရှင်းလင်းရေးပြုလုပ်နေသော တပ်မတော်သားနှစ်ဦး မိုင်းပေါက်ကွဲမှုကြောင့်ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၂ ရက် နေ့လယ် က  မြိုင်ကြီးငူဒေသ  ရင်းပိုင်းကျေးရွာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြော ကြားသည်။ ‘‘မိုင်းရှင်းလင်းရေးလုပ်ရင်း ပေါက်ကွဲတာ။ ပဒေသာမိုင်းတွေ ပေါ့’’ ဟု  ၎င်းက  ပြောကြားသည်။ ရင်းပိုင်းကျေးရွာ၌ တိုက်ပွဲ ဖြစ်ပွားစဉ်ကလည်း မိုင်းပေါက် ကွဲမှုဖြစ်ကာ ကျေးရွာအုပ်ချုပ်ရေး မှူးတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ပွဲသည် ပြီးခဲ့ သည့် စက်တင်ဘာအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒီကေဘီအေခွဲထွက်အဖွဲ့က မိုင်းအရေအ တွက်များစွာကို ထောင်ထားခဲ့၍ တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က မိုင်းရှင်း လင်းရေး လုပ်ဆောင်နေခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment