Tuesday, November 29, 2016

ကျောင်းထောက်ပံ့ကြေးအလွဲသုံးစားပြုသူများအား ထိရောက်စွာအရေးယူမည်

အခြေခံပညာကျောင်းများတွင် ထောက်ပံ့ကြေးများအား ကိုယ်ကျိုးရှာ အလွဲသုံးစားပြုနေသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ “တိုင်ကြားမှု့အရသော်လည်းကောင်း ၊ မြို့နယ် အဆင့် စုံစမ်းဖော်ထုတ် သိရှိမှု့များအရသော်လည်းကောင်း သိရှိပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။ နိုဝင်ဘာလ ၂၉ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၏ မေးခွန်းဖြစ်သော အခြေခံပညာကဏ္ဍတွင် ကျောင်းထောက်ပံ့ကြေး လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တိတိကျကျလိုက်နာ ဆောင်ရွက်ရေးအတွက် အထူးစီမံကြပ်မတ်ပေးရန် အစီအစဉ် ရှိမရှိနှင့် ကျောင်းထောက်ပံ့ကြေးများအား ကိုယ်ကျိုးရှာ အလွဲသုံးစားပြုနေသောေ ကျာင်းထောက်ပံ့ကြေးကော်မတီဝင်များအား စုံစမ်းဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရန် ရှိမရှိကို ၎င်းက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများက လစဉ်လစာ ထုတ်အစည်းအဝေးများတွင် ထောက်ပံ့ကြေးများကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားလျက်ရှိကြောင်း ဒုဝန်ကြီးကဆိုသည် ။ ထို့အပြင် ကျောင်းထောက်ပံ့ကြေးများကို ပွင့်လင်းမြင်သာမှု့ရှိရေး အသိပေးရန် World Bank အဖွဲ့ဝင်များကလည်း ကြီးကြပ် ဆောင်ရွက်လျက်ရှိနေကြောင်း၎င်းကပြောကြားခဲ့သည် ။ စိုင်းလမင်း

No comments:

Post a Comment