Saturday, November 19, 2016

အင်တာနက်နှင့် ချိတ်ဆက် ထားသော အရာတိုင်းတွင် လုံခြုံရေးကို ဦးစားပေးရမည့် ခြိမ်းခြောက်မှုများ ရှိလာ

အမေရိကန် ပြည်ထဲရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သော လေ့လာမှုများ အရ အင်တာနက်နှင့် ချိတ်ဆက် ထားသော အရာတိုင်းတွင် လုံခြုံရေးကို ဦးစားပေး တည်ဆောက်ရမည့် ခြိမ်းခြောက်မှုများ ပေါ်ထွက်လာခြင်း ကြောင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်များနှင့် တခြား တန်ဖိုးကြီး သတင်း အချက်အလက်များကို ကာကွယ်ရေးနှင့် ဆိုင်သည့် လုပ်ဆောင်ချက်များအား ဦးစားပေးရမည့် အနေအထားသို့ ရောက်ရှိလာ သည်ဟု တွေ့ရှိလာကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။ လက်ရှိတွင် ကျန်းမာရေး လှုပ်ရှားမှုများကို အထောက်အကူ ဖြစ်စေသည့် Tracker များ အပါအဝင် စမတ်မီးသီးများ၊ စမတ်အိမ် စနစ်များနှင့် လုံခြုံရေး ကင်မရာများမှာ အင်တာနက် သို့မဟုတ် မိုဘိုင်းလ်ဖုန်းများဖြင့် ချိတ်ဆက်ထားခြင်း များကြောင့် မသမာသူများ အနေဖြင့် အဆိုပါ ပစ္စည်း တစ်ခုခုကို ဖောက်ထွင်းပြီးပါက ပုဂ္ဂိုလ်ရေး အချက်အလက်များ အပါအဝင် ဘဏ်စာရင်းကဲ့သို့ တန်ဖိုးကြီးသော အရာများကို အလွယ်တကူ ခိုးယူနိုင်သည့် အခြေအနေများ ဖြစ်ပေါ် လာနိုင်သည်ဟု ဖော်ပြသည်။ လက်ရှိတွင် အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုရသည့် အသုံးအဆောင် အများအပြားကို ပိုမို ထုတ်လုပ် လာခြင်းကြောင့် လုံခြုံရေးစနစ် များကို ဦးစားပေးခြင်း မရှိပါက ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည် ဟုလည်း သတိပေး ခဲ့သည်။

No comments:

Post a Comment