Friday, November 25, 2016

မူဆယ်-လားရှိုးလမ်းပိုင်းတွင် ကားခ တစ်ဦးလျှင် ကျပ်သုံးသိန်းအထိပေး၍ သွားလာနေရ

 လားရှိုးလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်များမပြေးဆွဲ တော့၍ လူတစ်ဦးလျှင် ကျပ်သုံးသိန်းအထိပေးကာ ယာဉ်ငယ်များ ဖြင့် သွားလာနေရကြောင်း သ တင်းရရှိသည်။ ယခင်က မူဆယ် − လားရှိုးလမ်းပိုင်းကို ယာဉ်ငယ်ဖြင့် သွားမည်ဆိုပါက ခရီးသည်တစ်ဦးလျင် ၁၅,၀၀၀ ကျပ်ဝန်းကျင်သာ ပေးရသော်လည်း ယခုအခါတစ်ဦးလျှင် သိန်းဂဏန်းအထိပေးပြီး သွားလာနေရကြောင်း သိရသည်။  မူဆယ် - လားရှိုး ပြည် ထောင်စုလမ်းပိုင်းတွင် လက်နက် ကိုင်အဖွဲ့များ၏ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၄ ရက်အထိ လူနှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးဒဏ်ရာရရှိခဲ့ သည်။ မူဆယ်-ကွတ်ခိုင်ကြား နန့် အွန်ကျေးရွာအနီး ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ယာဉ်မောင်းတစ်ဦး၊ ယာဉ် နောက်လိုက်တစ်ဦး သေဆုံးခဲ့ သည်။ ယင်းအခြေအနေများ ကြောင့် ခရီးသည်တင် ယာဉ်လိုင်းများပုံမှန်ပြေးဆွဲခြင်းမရှိ၍ သွားလာရေး ခက်ခဲနေကြောင်း မန္တလေး-မူဆယ် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက ပြောသည်။



‘‘ကျွန်တော်တို့မူဆယ်ဘက် ကို ဒီရက်ပိုင်းမတက်တော့ဘူး။ အပစ်ခံနေရတာတွေဖြစ်နေတော့ ကားသမားတွေလည်း မတက်ရဲ ဘူး။ သက်ဆိုင်ရာကလည်း တား ထားတယ်။ ဒီလိုအချိန်မှာတော့ ကားမောင်းရဲတဲ့ သူတွေက တောင်းတော့မှာပဲ’’ဟု ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။

‘‘ကျွန်တော့်ရှေ့တင် သုံး သိန်းတောင်းတာ။ သွားချင်တဲ့လူ ကလည်း ပေးလိုက်ရတာပဲ။ လမ်းမှာ အချိန်မရွေး အပစ်ခံရနိုင်ပေ မယ့် ဒီလိုမသွားရင် ဘယ်လိုလုပ် ကြမလဲ။ ဒီအတိုင်း ကြာရှည်သွားရင် မချောင်ဘူး’’ဟု မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်တွင် နေထိုင်သူ ကိုဝင်းဆွေက ပြောသည်။

ပစ်ခတ်မှုသည် မူဆယ်-ကွတ် ခိုင်လမ်းပိုင်းတွင် အများဆုံးဖြစ် ပွားနေပြီး နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်း   နေ့စဉ်လိုလိုဖြစ်ပွား နေသည်။

ပစ်ခတ်ခံထားရ၍ ပျက်စီး နေသော ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ် ဆယ်စီးထက်မနည်း ယင်းလိုင်း ပိုင်းတွင် တွေ့ခဲ့ရသည်။

No comments:

Post a Comment