Friday, November 18, 2016

ငလျင်ဒဏ်သင့် နယူးဇီလန်မြို့မှ ပိတ်မိနေသူများကို စတင်ရွှေ့ပြောင်း

အင်အားပြင်းငလျင်ဒဏ်ကို အပြင်းထန် ဆုံးခံစားခဲ့ရသည့် နယူးဇီလန်မြို့မှ ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသည်များကို ကယ်ဆယ်ရေးဝန်ထမ်းများက ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ပြီးနောက် ဆောက်ကျွန်းရှိ ကိုင်ကူရာမြို့တွင် ပိတ်မိနေသူများကို လေတပ်ရဟတ်ယာဉ် လေးစင်းဖြင့် ကယ်ဆယ်ရေးဆောင်ရွက်နေခြင်းဖြစ်သည်။ ငလျင်ကြော င့်ဖြစ်သော မြေပြိုမှုများကြောင့် ထိုမြို့ရှိ ကုန်းလမ်းကြောင်းများ ပြတ်တောက်လျက်ရှိသည်ဟုလည်း သိရသည်။ ထိုဒေသတွင် နောက်ဆက်တွဲငလျင်ပေါင်း အကြိမ် ၁ဝဝ ခန့် လှုပ်မည်ဟုလည်း ခန့်မှန်းထားသည်။

နယူးဇီလန်နိုင်ငံ ဆောက်ကျွန်းတွင် တနင်္လာနေ့အစောပိုင်း၌ ၇ ဒသမ ၅ ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခဲ့ခြင်းဖြစ်ကာ ယင်း ကြောင့် လူနှစ်ဦး သေဆုံးခဲ့ရသည်။ ငလျင်ဒဏ်ကို ကိုင်ကူရာမြို့က အပြင်းထန်ဆုံး ခံစားခဲ့ရကာ အင်္ဂါနေ့အထိ ပတ်မိနေသူ ၂ဝဝ ခန့် ကို ကယ်ဆယ်ခဲ့ပြီးဖြစ်သည်ဟု နယူးဇီလန် ရေတပ်အရာရှိတစ်ဦးက ဆိုသည်။ ငလျင် လှုပ်ချိန်တွင် ကိုင်ကူရာမြို့၌ ကမ္ဘာလှည့်ခရီးသည် ၁၂ဝဝ ခန့်နှင့် ဒေသခံ ၂ဝဝဝ ခန့် ရှိနေသည်ဟု သိရကာ သင်္ဘောနှစ်စင်းနှင့် အခြား လေယာဉ်တစ်စင်းသည်လည်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်အားဖြည့်ပေးနေသည်ဟု သိရသည်။
Ref: BBC

No comments:

Post a Comment