Friday, November 25, 2016

ဝီလ်လျှံ ကို ခေါ်ယူဖို့ပြင်ဆင်လာသည့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့တောင်ပံကစားသမား ဝီလ်လျှံ ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အံ့အားသင့်ဖွယ် ခေါ်ယူသွားဖို့ အဆင်သင့်ဖြစ်နေနယ်လို့သိရပါတယ်။
ဝီလ်လျှံ ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းအတွက်ပါဝင်ခွင့်မရှိပဲ နေရာပျောက်ဆုံးလျှက်ရှိနေပါတယ်။ ဝီလျှံဟာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ချယ်လ်ဆီးပရိတ်သတ်တွေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ချယ်လ်ဆီး နည်းပြဟောင်း မော်ရင်ညို ရဲ့ နှစ်သက်သဘောကျခြင်းခံရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယါ။

ပက်ဒရို က ချယ်လ်ဆီးအသင်းရဲ့ ညာတောင်ပံနေရာအတွက် ပိုပြီးတော့ အခွင့်အရေးရရှိလာပြီးနောက် ဝီလ်လျှံ ရဲ့ နေရာပြန်လည်ရရှိရေးဟာ ခက်ခဲလာခဲ့ပြီး ချယ်လ်ဆီးမှာ အနာဂတ်မရေမရာ ဖြစ်လာခဲ့ပါတယ်။
စပိန်သား ဟာ လန်ဒန်ကလပ်မှာ အစပိုင်းတိုးတက်မှုနှေးကွေးခဲ့ပေမဲ့ ကွန်တီ ရဲ့ ၃-၄-၃ ကစားကွက်မှာ အကောင်းဆုံးစွမ်းဆောင်လျှက်ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက်၂၈ နှစ်အရွယ် ဘရာဇီးလ်သားကို ဒီဆောင်းရာသီအပြောင်းအရွှေ့မှာ ခေါ်ယူသွားမယ်လို့ ဒေးလီးစတား သတင်းမှာဖေါ်ပြခဲ့ပါတယ်။
ဝီလ်လျှံ ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၄၀ ခန့် လို့ ခန့်မှန်းရပြီး ဒီပမာဏ ဟာ ၂၀၁၄ ခုနှစ်က ချယ်လ်ဆီးကနေ မာတာ ကို ခေါ်ယူခဲ့တဲ့တန်ဖိုးထက်အနည်းငယ်ပဲပိုတယ်လို့သိရပါတယ်။

No comments:

Post a Comment