Wednesday, November 30, 2016

"လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအတွက် လူမှုဝန်ထမ်းဦးစီးဌာနသို့ ဖုန်းနှင့်တိုင်ကြားနိုင်"

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သက်ငယ်မုဒိမ်းမှုနှင့် ကလေးသူငယ်တွေအပေါ် အမြတ်ထုတ်သူများကို နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသို့ တိုင်ကြားနိုင်ရန်အတွက် ဖုန်းနှစ်လုံး တပ်ဆင်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။ ကလေးသူငယ်များအပေါ်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုတွေ ဖြစ်ပေါ်တာကို သိရှိပါက လူမှုဝန်ထမ်းဦးစီးဌာန နေပြည်တော် ဖုန်း ဝ၆၇- ၄ဝ၄၉၉၉ ၊ ဝ၆၇- ၄ဝ၄၂၂၂ သို့ ဆက်သွယ်ကာတိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

No comments:

Post a Comment