Saturday, November 19, 2016

တောင်ကိုရီးယားတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေသည့်နေ့ ယာဉ်ကြော ရှင်းရန် ထရပ်ကားများ မောင်းနှင်ခွင့် ယာယီပိတ်၊ အစိုးရရုံး များ နောက် ကျမှဖွင့်

တောင်ကိုရီးယားနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၆ဝဝဝဝဝ ကျော်စာမေးပွဲခန်းသို့ အချိန်မီရောက်ရှိစေရန် ထရပ်ကားများလမ်းပေါ်မောင်းခွင့် ယာယီပိတ် ပင်ခြင်း၊ စီးပွားရေးလုပ် ငန်းများနှင့် အစိုးရရုံးများရုံးချိန် နောက်ကျ၍ ဖွင့်လှစ်ခြင်းတို့ပြုလုပ် ခဲ့သဖြင့် နိုဝင်ဘာ ၁၇ ရက် နံနက် ခင်းသည် လမ်းများရှင်းလင်း၍ တိတ်ဆိတ်နေကြောင်း သိရသည်။ ယှဉ်ပြိုင်မှုပြင်းထန်သော တောင်ကိုရီးယားနိုင်ငံတွင် ကျောင်း သားများအတွက် ကောလိပ်ဝင်ခွင့်သည် အလွန်အရေးကြီးပြီး အနာဂတ်အလုပ်အကိုင်နှင့် လက်ထပ်မင်္ဂလာကိစ္စအထိ အရေးပါသော အဆုံးအဖြတ်တစ် ခုဖြစ်သည်။ စာ မေးပွဲဖြေဆိုမည့် ကျောင်းသားများ စာသင်ခန်းမသို့အချိန်မီရောက်ရှိစေ ရန် အစိုးရရုံးများ၊ ဘဏ်များ၊ စီးပွား ရေးလုပ်ငန်းများနှင့်ဆိုးလ်စတော့ ဈေးကွက်တို့ ပုံမှန်ရုံးတက်ချိန်ထက် ၁ နာရီနောက်ကျ၍ ဖွင့်လှစ်ခဲ့သည်။
စာမေးပွဲခန်းများနှင့်နီးသောဆောက် လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းခဲ့ပြီး ကုန်တင်ထရပ်ကားများသွားလာ ခြင်းပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။ တက္ကသိုလ်၊ ကောလိပ်ဝင် ခွင့်စာမေးပွဲကို နိုဝင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ တွင်စတင်ပြီး နိုင်ငံအနှံ့ရှိ စာစစ်ဌာန ၁၁၈၃ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၆ဝ၆ဝဝဝ ခန့်က ဝင် ခွင့်ဖြေဆိုခဲ့ကြောင်း သိရသည်။
ရုပ်သံအစီအစဉ်များကလည်း တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့်စာ မေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုရန် သွားလာပုံများကို တိုက်ရိုက်တင် ဆက်ခဲ့ကြောင်းသိရသည်။ ကျောင်း သားမိဘများက လည်း ဘုရား ကျောင်းများတွင် ဆုတောင်းဝတ်ပြု မှုများပြုလုပ်လျက်ရှိသည်။ တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့် စာမေးပွဲသည် ကျောင်းသားအတွက် အလွန်အရေးကြီးသော အဆုံးအ ဖြတ်စာမေးပွဲတစ်ခုဖြစ်သောေ ကြာင့် ဆယ်ကျော်သက် ကျောင်း သား၊ ကျောင်းသူများ စိတ်ဖိစီးမှုဖြစ် ပေါ်စေပြီး သေကြောင်းကြံစည်မှု နှုန်းမြင့်တက်လာခြင်းနှင့် ဆက်စပ် နေကြောင်း သိရသည်။
Ref;AFP

No comments:

Post a Comment