Thursday, November 24, 2016

ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး အမေရိကန်ဈေးကွက်နှင့် မြန်မာ့ထွက်ကုန်

ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ သမ္မတအိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးမှု အကျိုးဆက် တစ်စိတ်တစ်ဒေသအဖြစ် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ 'ဆန်ရှင်'ကို ရုပ်သိမ်းပေးပြီး ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး(GSP)ကို ပြန်လည်ပေးအပ်ခဲ့တယ်။ သမ္မတအိုဘားမားကိုယ်တိုင် လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၆ဝ အကြာ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းမွှာဏ စတင်အသက်ဝင်သွားပြီဖြစ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကို ရိုက်ခတ်သွားတယ်။


၁၉၈၉ ခုနှစ် ဧပြီလမှာ အလုပ်သမားဥပဒေနဲ့ ငြိစွန်းမှုကို အကြောင်းပြုပြီး အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ပေးအပ် ထားတဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ပြန်လည်ရုပ်သိမ်း ခဲ့တယ်။ ၂၇ နှစ်ကြာမြင့်ပြီးမှ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး နှင့် ပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံအားပေးမှုအနေနဲ့ GSP ကို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက အမေရိကန်ဈေးကွက်ကို ဘယ်လိုထုတ်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချ မှာလဲ၊ အရည်အသွေးပိုင်းမှာ စံချိန်စံညွှန်း လိုက်မီနိုင်ပါ့မလား အစ ရှိတာတွေက စိတ်ဝင်စားစရာမေးခွန်းတွေ ဖြစ်လာတယ်။

GSP ပြန်လည်ရရှိလို့ သေချာပေါက် မျှော်လင့်နိုင်တာက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု စီးဝင်လာခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ပိုမိုလွယ်ကူလာပြီး ပို့ကုန်ဦးစား ပေး စက်ရုံ၊ အလုပ်ရုံတွေ များပြားလာခြင်းနဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာမှာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံ ပြည်ပပို့ကုန်အားလုံး နီးပါး ကုန်ကြမ်းအဆင့်မှာပဲ ရှိနေသေးတယ်။ တန်ဖိုးမြင့်ထုတ်ကုန် ဘက်ကို ရောက်ရှိနိုင်ဖို့ အချိန်ယူရဖွယ်ရှိတယ်။ ဒါပေမဲ့ GSP ရရှိ တဲ့အခါ ကုန်ပစ္စည်းအမျိုးအမည်ပေါင်း ၅ဝဝဝ အခွန်လျှော့ပေါ့  ကင်းလွတ်ခွင့် ခံစားရမှာဖြစ်လို့ ဒီအချက်က မြန်မာနိုင်ငံမှ တန်ဖိုးမြင့် ပို့ကုန်တွေ ထုတ်လုပ်ဖို့ တွန်းအားတစ်ခုဖြစ်လာပါတယ်။

လတ်တလောမှာ အမေရိကန်ဈေးကွက်ကို မြန်မာနိုင်ငံမှ တင်ပို့ ရောင်းချနိုင်တဲ့ ကုန်ပစ္စည်းအမျိုးအမည် လွန်စွာနည်းပါးတာကို တွေ့ရတယ်။ GSO ထဲမှာ အကျုံးဝင်နေတဲ့ ကုန်ပစ္စည်းအမျိုးအမည် ၅ဝဝဝ အနက် ၁၅ဝဝ က ဒေသတွင်း ဒုတိယအဆင်းရဲဆုံးနိုင်ငံဖြစ် တဲ့အတွက် အထူးခံစားခွင့်အနေနဲ့ ပေးအပ်တာလို့ သိရပါတယ်။ ဒါပေမဲ့ ဒီအချက်ပေါ်မှာ အပြည့်အဝ ဆုပ်ကိုင်အသုံးချနိုင်ခြင်း မရှိ တာကတော့ ဝမ်းနည်းစရာပါ။
အောက်တိုဘာ ၁ဝ ရက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကွှဏ ထဲမှာ အထည်ချုပ်လုပ်ငန်း မပါဝင်သေးကြောင်း အတည်ပြုခဲ့လို့ မြန်မာ့ အထည်ချုပ်ကဏ္ဍအတွက် ထိုးနှက်ခံရမှုပါပဲ။ တစ်ချိန်က မြန်မာ့ ချုပ်ထည်တွေဟာ အမေရိကန်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်ခဲ့တယ်။ ၂ဝဝ၁ ခုနှစ်မှာ အမေရိကန်ကို မြန်မာ့ချုပ်ထည်တင်ပို့မှု ဒေါ်လာ သန်း ၅ဝဝ ရှိလို့ အထည်ချုပ်ကဏ္ဍတစ်ခုလုံး ပြည်ပတင်ပို့ မှုပမာဏရဲ့ ရာခိုင်နှုန်း ၆ဝ ရှိခဲ့တယ်။

အထည်ချုပ်လုပ်ငန်းကလွဲပြီး မြန်မာနိုင်ငံကနေ အမေရိကန် ဈေးကွက်ကို ထိုးဖောက်တင်ပို့နိုင်တဲ့ကုန်ပစ္စည်း လွန်စွာနည်းပါးသေး တယ်။ တစ်ဖန် ထဲထဲဝင်ဝင် တင်ပို့နိုင်ခြင်း မရှိသေးသလို အမြောက် အမြားတင်ပို့နိုင်ဖို့လည်း အခက်အခဲများစွာ ရှိနေသေးတယ်။

လယ်ယာစိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲမျိုးစုံတို့ဟာ အမေရိကန်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးသလို ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုကလည်း တစ်နှစ်ထက် တစ်နှစ် လျော့ကျလာတယ်။ သစ်အချောထည်၊ ကျောက်မျက်ရတနာတွေ ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချဖို့ အလားအလာရှိပေမယ့် ဈေးကွက်ဝေစု(Market Share) အနည်းငယ်လောက်သာ ရရှိနိုင် ပါတယ်။

နိုင်ငံတကာမှာတော့ အမေရိကန်ဈေးကွက်ကို ထိပ်တန်းဦးစား ပေး ပစ်မှတ်ထားကြတယ်။ ချမ်းသြာ<ွကယ်ဝပြီး တစ်ဦးချင်းဝင်ငွေ များပြားတဲ့ အမေရိကန်ပြည်သူတွေက စားသုံးနိုင်စွမ်း (Purchasing Power) မြင့်မားပြီး ဈေးကောင်းပေးဝယ်နိုင်ကြလို့ အကျိုးအမြတ် ဖြစ်ထွန်းပါတယ်။ ဝယ်လိုအားလည်း ကောင်းမွန်တယ်။

GSP အခွင့်အရေးကြောင့် မြန်မာနိုင်ငံပို့ကုန်တွေက အခွန် လျှော့ပေါ့ကင်းလွတ်ခွင့်ရရှိလို့ ဈေးနှုန်းသက်သာစွာဖြင့် အခြားနိုင်ငံက ကုန်ပစ္စည်းနဲ့ ယှဉ်ပြိုင်ရောင်းချနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အရည်အသွေး၊ စံချိန်စံညွှန်းပိုင်းမှာ အမေရိကန်ဈေးကွက် တောင်းဆိုချက်၊ လိုအပ်ချက်တွေနဲ့အညီ ထုတ်လုပ်တင်ပို့နိုင်စွမ်းရှိဖို့ လိုတယ်။ နိုင်ငံ တကာအသိအမှတ်ပြုထောက်ခံချက်တွေ လိုအပ်တယ်။ အရည် အသွေး၊ အခြင်အတွယ်၊ ထုပ်ပိုးစနစ်တွေကအစ နိုင်ငံတကာစံနှုန်း ဝင်အောင် ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။

ဈေးနှုန်းချင်း တူညီနေမယ်ဆိုရင် မြန်မာ့ထုတ်ကုန်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူသူ နည်းပါးသွားမှာဖြစ်ပြီး ဈေးနှုန်းသက်သာ မှသာ ဈေးကွက်ဝေစု ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ အရည် အသွေးနဲ့ စံချိန်စံညွှန်းပိုင်းမှာတော့ အမေရိကန်နိုင်ငံက သတ်မှတ် ထားတဲ့အတိုင်း ပြည့်မီဖို့ လိုအပ်တာကြောင့် မြန်မာ့ပို့ကုန်လုပ်ငန်း ရှင်တွေအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေ စတင်ဆောင်ရွက်ခဲ့လို့ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ(အီးယူ)က ပေးအပ်တဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ပြန်လည်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ မှ ပို့ကုန်တွေက အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေ တာကြောင့် ရလာတဲ့အခွင့်အရေးတွေကို ထိရောက်စွာ အသုံးချနိုင် စွမ်း မရှိခဲ့ဘူး။ အဓိကအခက်အခဲကတော့ ငွေကြေးနှင့် နည်းပညာ အထောက်အပံ့တွေကို လုံလောက်စွာ မရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါ ကြောင့် မျှော်မှန်းထားသလို ဥရောပသမဂ္ဂနိုင်ငံတွေကို ပို့ကုန်ပမာဏ များစွာ တင်ပို့ရောင်းချနိုင်ခဲ့ခြင်းမရှိတာ တွေ့ရတယ်။

အလားတူ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချရာမှာလည်း အရည်အသွေး၊ စံချိန်စံညွှန်းတွေ မပြည့်မီလို့ နယ်စပ်ကုန်သွယ်ရေးမှာ ကြိမ်ဖန်များစွာ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ဖြစ်လေ့ရှိတယ်။ မြန်မာ့ပို့ကုန်တွေက အရည်အသွေး၊ စံချိန်စံညွှန်း ပိုင်းတွေမှာ နိုင်ငံတကာအသိအမှတ်ပြု Certificate တွေ လိုအပ် နေတယ်။ ဒါ့အပြင် ထုပ်ပိုး၊ သိုလှောင်ထားသိုမှုဆိုင်ရာ အားနည်းချက် တွေရှိပြီး အရောအနှော (Impurities) များပြားတယ်လို့ ပြည်ပဝယ် လက်တွေဘက်က မကြာခဏ ထောက်ပြလေ့ရှိတယ်။

ဒါကြောင့် ယေဘုယျ သုံးသပ်လိုက်ရင် အီးယူဈေးကွက်ကို တောင် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီအောင် မလိုက် နိုင်ဘူးဆိုရင် သူတို့ထက် အဆင့်မြင့်တဲ့ အမေရိကန်ဈေးကွက်ထဲကို မြန်မာ့ပို့ကုန်တွေ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိပါ့မလားလို့ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။ ဒါပေမဲ့ အမေရိကန်ဈေးကွက်နဲ့ ကုန်သွယ် မှုဆိုင်ရာ အထူးအခွင့်အရေးတွေဟာ မြန်မာနိုင်ငံကို တွန်းအားဖြစ် စေတာကတော့ အသေအချာပါ။

နောက်တစ်ချက်က အဝယ်လိုက်တဲ့အခါ ကုန်ပစ္စည်းကို လို သလောက် ထုတ်လုပ်တင်ပို့နိုင်စွမ်း မရှိတော့ခြင်းဘဲဖြစ်ပါတယ်။ ဝယ်လိုအားက ရောင်းလိုအား ဒါမှမဟုတ် ထုတ်လုပ်နိုင်စွမ်းကို ကျော် လာပြီဆိုရင် မြန်မာနိုင်ငံမှာ မသမာမှုတွေ၊ အရောအနှောတွေ၊ ကတိ ကဝတ်ချိုးဖောက်မှုတွေ၊ နမူနာ(Sample)နဲ့ ကွဲလွဲမှုတွေ ဖြစ်လာ လေ့ရှိတယ်။

နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့လမ်းကြောင်းက ရေရှည်မှာ အရည်အသွေးရော အရေအတွက်ပါ (Sample) တည်တံ့အောင် ထိန်းထားတယ်။ ဈေးကွက်တောင်းဆိုမှုအတိုင်း အရည်အသွေး သာမက အရေအတွက်ပါ လျော့ကျခြင်းမရှိဘဲ တစ်သားတည်းဖြစ် အောင် ထိန်းထားကြတယ်။

ဒါ့အပြင် နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာ Time Factor က အရေးပါနေတယ်။ ကုန်ပစ္စည်းတွေ အချိန်မီရောက်ရှိဖို့  Delivery တွေက အရေးကြီးပါတယ်။ ပြောမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုက ပေးအပ်တဲ့ ကုန် သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးဆိုတာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနိမ့်ကျ သေးတဲ့နိုင်ငံတွေအတွက် အမေရိကန်ဈေးကွက်က ပေးအပ်တဲ့ မက်လုံး တစ်ခုပါ။ စီးပွားရေးဖွံ့ဖြိုးဖို့ စတင်အရှိန်ယူတဲ့နိုင်ငံတွေက အမေရိကန် နိုင်ငံကပေးအပ်တဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို အမိ အရ ဆုပ်ကိုင်ပြီး ပို့ကုန်မြှင့်တင်နိုင်ဖို့ ကြိုးပမ်းလေ့ရှိတယ်။

မြန်မာနိုင်ငံလည်း အမေရိကန်နဲ့ ကုန်သွယ်မှု၊ ကူးသန်းရောင်း ဝယ်ရေး တိုးချဲ့မယ်ဆိုရင် ပို့ကုန်တိုးမြှင့်ရေး၊ အရည်အသွေးနှင့် အရေအတွက်(Q&Q) ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး တွေက အစပြုပြီး အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြင်ဆင်ထားသင့် ပါတယ်။      သက်မောင် ( နိုင် / စီး )

No comments:

Post a Comment