Monday, November 21, 2016

ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ)တွင် ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူစာရင်း ထုတ်ပြန်

ယနေ့ (နိုဝင်ဘာ ၂၀ ရက်) နံနက်ပိုင်းက မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား KIA ကချင်အဖွဲ့၊ TNLA တအောင်းပလောင်အဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သဖြင့် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ယနေ့ ညနေ ၅ နာရီအထိ ရရှိထားသော ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုစာရင်းများကို နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ခဲ့ရာ တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦး၊ ပြည်သူ့စစ် တစ်ဦး၊ အရပ်သား သုံးဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရသူစာရင်းမှာ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ အကောက်ခွန်ဝန်ထမ်း နှစ်ဦး၊ အရပ်သား ၁၈ ဦး စုစုပေါင်း ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


No comments:

Post a Comment