Friday, November 18, 2016

ကျောက်မဲမြို့တွင် စိတ်ကြွဆေးပြား ၄,၀၀၀ ခန့် ဖမ်းမိ

ရှမ်းပြည်နယ်မြောက် ပိုင်း ကျောက်မဲမြို့ပေါ်ရှိ နေအိမ် တစ်ခုကို သတင်းအရ ဖမ်းဝရမ်း ဖြင့် ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ များနှင့်အတူ စိတ်ကြွဆေးပြား ၄,၀၀၀ ခန့် တွေ့ရှိခဲ့ကြောင်း သ တင်းရရှိသည်။ ကျောက်မဲမြို့ အမှတ်(၇) ရပ်ကွက်ရှိ နေအိမ်ကို အောက်တို ဘာ ၁၆ ရက်က ဝင်ရောက်ရှာဖွေ ရာ အမျိုးသားလေးဦးကို တွေ့ ရှိ ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူအမှုန့်များ ကို တွေ့ရှိခဲ့ကြောင်း ကျောက်မဲ မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။ နေအိမ်အတွင်း ဘိန်းဖြူအ မှုန့်အလေးချိန် ၁၁၁ ဒသမ ၇ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၄၇ ပြား သိမ်းဆည်းရမိခဲ့ပြီး မူးယစ် ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ သည့် အမျိုးသားလေးဦးအား အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။
7 Day

No comments:

Post a Comment