Sunday, November 27, 2016

ဒီချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း ၁၂၆ ရက်အလို၌ ထုတ်ပြန်

လာမည့် ၂၀၁၇ ကြား ဖြတ်ရွေးကောက်ပွဲတွင် ၀င် ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အ မည်စာရင်းကို အာဏာရပါတီ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီ ချုပ်)က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ၁၂၆ ရက်အလို နိုဝင် ဘာ ၂၆ ရက်၌ ထုတ်ပြန်ကြေညာ သည်။ လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာရှိသော ကြားဖြတ်ရွေးကောက် ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင် မည့် ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာ ရင်း ထုတ်ပြန်ခြင်းဖြစ်သည်။ ‘‘တစ်နေရာက အချက်အ လက်တွေ စိစစ်နေရလို့ မပြီးသေး တာ။ မကြာခင် ထုတ်ပြန်ပေးသွား မှာပါ’’ဟု ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ ၀င် ဦးဉာဏ်ဝင်းကဆိုသည်။





လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာအနက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆) တွင် ၀င်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်း ဒီ ချုပ် ထုတ်ပြန်ချက်တွင် မပါဝင် လာခြင်းဖြစ်သည်။ အဆိုပါ မဲ ဆန္ဒနယ်သည် လက်ရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ပြီးခဲ့သည့်  ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်ဖြစ်သည်။

လက်ရှိ ထုတ်ပြန်ထားသော ဒီချုပ်၏ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ် တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း ၁၆ ဦး ပါဝင်ကြ သည်။

အဆိုပါ လွှတ်တော်ကိုယ် စားလှယ်လောင်းများကို အောက် ခြေက တင်ပြလာသူများထဲမှ ရွေး ချယ်ထားခြင်းဖြစ်ကာ ယခုရွေးချယ်မှုသည် ပြီးခဲ့သည့် ရွေးကောက်ပွဲများထက် အချိန်ပိုရကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

‘‘ဒီတစ်ခေါက်က အချိန်ရ တယ်။ သေချာရွေးထားတာ။ အောက်ခြေက တင်ပြလာတာကို ပဲ ရွေးထားတာ’’ဟု ဦးဉာဏ်ဝင်း က ဆိုသည်။ ရွေးချယ်ထားသော လွှတ်တော် ကိုယ်စားလှယ် လောင်းစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ မ ကြာမီ ရက်ပိုင်းအတွင်း စာရင်း တင်သွင်းမည်ဖြစ်ကြောင်း ဒီချုပ် ထိပ်ပိုင်း ခေါင်းဆောင်များထံမှ သိရသည်။

လာမည့် ၂၀၁၇ ဧပြီ ၁ ရက် တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာ ရင်းတင်သွင်းခြင်းကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည်။

No comments:

Post a Comment