Monday, November 28, 2016

၄၂နှစ်ပြည့်မွေးနေ့ ကျင်းပတဲ့ အေးချမ်းမေ

နိုဝင်ဘာလ ၂၇ ရက်မှာ အသက်၄၂ နှစ်ပြည့်တဲ့ တေးသံရှင် အေးချမ်းမေက We Love Aye Chan May အဖွဲ့သားများနဲ့အတူ မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။ "မွေးနေ့မှာ မနက် ဘုရားကျောင်းမှာရှိတယ်။ ပြီးတော့ ထန်းတစ်ပင်မှာ We Love Aye Chan May အဖွဲ့နဲ့သွားပြီး အလှူလုပ်ခဲ့ပါတယ်။ ဖေ့စ်ဘုတ်ခ်မှာ အရင်ကတည်းက We Love နဲ့ အဆက်အသွယ်ရှိတယ်။ Fanတွေရှိတာ အနုပညာရှင်တွေအတွက် အထောက်အကူဖြစ်စေပါတယ်။ သူတို့ စေတနာထားသလို ကိုယ်ကလည်း စေတနာပြန်ထားတယ် ။အခုလို ချစ်ကြတာ ကျေးဇူးတင်ပါတယ်။ ၀မ်းပန်းတသာနဲ့ ကြိုဆိုကြတဲ့အတွက်လည်း တစ်ယောက်စီတိုင်းကို ကျေးဇူးတင်မိပါတယ်"လို့ အေးချမ်းမေက အမှတ်တရစကားဆိုပါတယ်။ေ အးချမ်းမေဟာ နံနက်၉နာရီမှာ သမိုင်း ခ၀ဲခြံမျက်မမြင်ကျောင်းမှာ ဆုတောင်းဝတ်ပြုခဲ့ပြီးနောက် We Love Aye Chan May အဖွဲ့သားများနဲ့အတူ ထန်းတပင် မျက်မမြင်ကျောင်းမှာ လှူဒါန်းမှုများနဲ့အတူ မွေးနေ့ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ေ အးချမ်းမေက နိုဝင်ဘာလ၃၀ရက်မှာ အမေရိကားသို့ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး သင်္ကြန် သို့မဟုတ် နောက်နှစ် နိုဝင်ဘာလမှာ ပြန်လည်လာရောက်ဦးမယ်လို့ သိရပါတယ်။

No comments:

Post a Comment