Wednesday, November 30, 2016

မန္တလေးနှင့်ပုဂံ-ညောင်ဦး ရေလမ်းကြောင်းကောင်းမွန်စေရန်သောင်တူးလုပ်ငန်းများ ဆောင်ရွက်မည်

မန္တလေးနှင့်ပုဂံ-ညောင်ဦး ရေလမ်းကြောင်း ကောင်းမွန်စေရန် သောင်တူးလုပ်ငန်း များကို ဒီဇင်ဘာလ၌စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါရေလမ်းကြောင်းကောင်း မွန်ရေးအတွက် ကမ္ဘာ့ဘဏ်ချေးငြွေ ဖင့် သောင်တူးလုပ်ငန်းများဆောင် ရွက်သွားမည်ဖြစ်ပြီး အောက်တိုဘာ လနှင့် နိုဝင်ဘာလအတွင်း အပြီးသတ်တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ""မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း ကလာတဲ့ ရေလမ်းကြောင်းကောင်းေ အာင်ဖောက်ပေးမှာ၊ တချို့နေရာ မှာ အများကြီးတူးစရာမလိုဘူး။ အ တိမ်အနက်ပေါ်မူတည်ပြီး ရေတိမ် နေရင် များများတူးရမယ်။ မြစ်မကြီးေ ရနက်ကြောင်းနဲ့ ရေအနက်နည်း တာတွေကို သောင်တူးပြီးဆက်ပေး မယ်""ဟု တိုင်းဒေသကြီး(၅)မန္တလေး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးကျော် မြင့်သန်းက ပြောသည်။

ညောင်ဦးရေလမ်းပိုင်းမှာ ခန့် မှန်းအကျယ်မီတာ ၇၀ ခန့်နှင့် မန္တ လေးရေလမ်းကြောင်းမှာ ခန့်မှန်း အရှည်မီတာ ၄၀၀ ကျော်၊ ကုဗမီတာ ၇၂၆၀၀ ရှိ၍ အနက်မှာ ရေစစ်မျဉ်း အောက် နှစ်မီတာတူးဖော်
မည်ဖြစ် ကြောင်း သိရသည်။
""ကျွန်တော်တို့လိုချင်တဲ့အတိုင်း ဖြစ်အောင် အကြံပေးအဖွဲ့တွေကပြင် ဆင်ပေးတာကို ရေအရင်းအမြစ်ဌာ နက ပြန်သုံးသပ်ရဦးမှာ။ ပြီးမှ ကမ္ဘာ့ ဘဏ်ကိုတင်ပြရမယ်။ နိုင်ငံတကာ အဆင့်မီဆိုတော့ လွယ်လွယ်နဲ့လုပ် လို့မရဘူး။ နည်းပညာပိုင်းက မြင့်တယ်။ ကုန်ကျငွေကို တွက်ချက်ဆဲပါ""ဟု ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင် က ပြောသည်။ယင်းကဲ့သို့သောင်တူးပေးခြင်း အားဖြင့် ရေလမ်းကောင်းမွန်
ပါက နွေရာသီရေနည်းချိန်တွင် ရေယာဉ် ကြီး/ငယ်များ
သောင်တင်ခြင်းမဖြစ် တော့ဘဲ အန္တရာယ်ကင်းစွာခုတ်မောင်း
နိုင်မည်ဖြစ်ကြောင်း သိရသည်။
KMH(MMK)

No comments:

Post a Comment