Wednesday, November 23, 2016

ဒါကိုတာရေနံပိုက်လိုင်းဆန္ဒဖော်ထုတ်မှုတွင် ဆန္ဒပြသူများနှင့် ရဲများရုန်းရင်းဆန်ခတ် ထပ်မံဖြစ်ပွား

ရေအရင်းအမြစ်နှင့် ဘာသာရေးဆိုင်ရာ လူမျိုးစုများ၏ ပိုင်နက်ကို ထိပါးခြိမ်းခြောက်လာသည်ဟုဆိုကာ မြောက်ဒါကို တာ ရေနံပိုက်လိုင်းသွယ်တန်းမှုအပေါ် လူရာနှင့်ချီ၍ ဆန္ဒပြခဲ့ ကြရာ ပြီးခဲ့သည့်လမှ ဖြစ်စဉ်ကဲ့သို့ပင် မျက်ရည်ယိုဗုံးများ ဖြင့် လူစုခွဲရန်ကြိုးပမ်းမှုကြောင့် ဆန္ဒပြသူများနှင့် ရဲများ အကြား ရုန်းရင်းဆန်ခတ်ထပ်မံဖြစ်ပွားခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။ ခန့်မှန်းခြေလူ ၄ဝဝ ခန့်ရှိ ဆန္ဒပြလူအုပ်သည် Backwater Bridge ၌ စုပြုံလျက်ရှိပြီး ၄င်းတို့ကို ပိတ်ပင်တားဆီးထား သည့်ရဲများကို ကျော်ဖြတ်နိုင်ရန် အတင်းအကျပ်တိုးဝှေ့ နေကြသည်။ မော်တွန်ခရိုင် ဥပဒေရုံးက ဒါကိုတာရေနံ ပိုက်လိုင်း သွယ်တန်းသည့် ဆန္ဒပြဆန့်ကျင်မှုများစွာအနက် နောက်ဆုံး ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတစ်ခုဟု ဖော်ပြခဲ့သည်။ မြောက်ဒါကိုတာရှိ ဘစ်စမတ်တောင်ပိုင်းမှ ၄၅ ကီလိုမီတာ (မိုင် ၃ဝ) အကွာ၌ ဆန္ဒပြမှုစတင်ခဲ့ပြီးနောက်နှစ်နာရီခန့် အကြာ ဒေသစံတော်ချိန် ည၈နာရီခွဲတွင် လူတစ်ဦးကိုရဲများက ဖမ်းဆီးခဲ့ကြောင်း ခရိုင်ဥပဒေရုံးကပြောကြားခဲ့သည်။ ညသန်း ခေါင်ယံကျော်သည်အထိ အဆိုပါနေရာ၌ ဆန္ဒပြသူ နှစ်ရာခန့် ကျန်ရှိနေသေးကြောင်း သိရသည်။ အောက်တိုဘာလနှောင်းပိုင်းတွင် ဆန္ဒပြသူများနှင့်ရဲများ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ထရပ်ကားနှစ်စီးကို မီးရှို့ခဲ့ပြီးနောက်တွင် Backwater Bridge ကို ပိတ်ထားခဲ့ သည်။  (ရိုက်တာ)

No comments:

Post a Comment