Thursday, November 24, 2016

၂၀၁၆ခုနှစ်အာရှနိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော်တွင်ပါဝင်ယှဉ်ပြိုင် ရန်မြန်မာကိုယ်စားပြုလူငယ်ဒါရိုက်တာများ ဂျပန်သို့ထွက်ခွာ

ဂျပန် နိုင်ငံတွင်ကျင်းပပြုလုပ်မည့် ၂၀၁၆ ခုနှစ် အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် မြန်မာနိုင်ငံကိုယ်စားပြုလူ ငယ်ဒါရိုက်တာများ ဂျပန်နိုင်ငံသို့ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။အဆိုပါ အာရှနိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြုလူငယ်ဒါရိုက်တာ ကိုးဦးနှင့်အတူ ဒါရိုက်တာပွင့်သိင်္ဂီ ဇော်ဦးဆောင်ကာ ဂျပန်နိုင်ငံသို့ နိုဝင် ဘာ ၂၃ရက်တွင် စတင်ထွက်ခွာ သွားပြီဖြစ်ကြောင်း သိရသည်။ ""အာရှနိုင်ငံတကာ ကလေး များရုပ်ရှင်ပွဲတော်မှာပါဝင်ယှဉ်ပြိုင် ဖို့အတွက် လူငယ်ဒါရိုက်တာတွေ ဒီ နေ့ပဲ ဂျပန်နိုင်ငံကို စတင်ထွက်ခွာ သွားပါပြီ။ အစည်းအရုံးကနေပြီး တော့ လိုအပ်တာတွေကိုတော့ သင် ကြားပေးလိုက်ပါတယ်။
အာရှနိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော်ကို
မြန်မာနိုင်ငံကလူငယ်ဒါရိုက်တာ တွေက နှစ်တိုင်းကိုသွားရောက်ယှဉ် ပြိုင်ကြပါတယ်။ သွားယှဉ်ပြိုင်ကြတဲ့ကလေးတွေကလည်း နှစ်တိုင်းလို လို ဆုတံဆိပ်တွေရလာခဲ့ပါတယ်""ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး မှ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

အဆိုပါ အာရှနိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော်ကို မြန်မာ နိုင်ငံမှ
နှစ်စဉ်ပါဝင်ယှဉ်ပြိုင်လျက် ရှိပြီး ယခုနှစ်မှာ (၁၀)ကြိမ်မြောက်အ
ဖြစ်ပြုလုပ်သည့်ပြိုင်ပွဲတစ်ခုဖြစ် ကြောင်းသိရသည်။
ယခုနှစ်တွင် ကျင်းပပြုလုပ်မည့်အာရှနိုင်ငံတကာကလေးများ
ရုပ်ရှင် ပွဲတော်ပြိုင်ပွဲကို ဂျပန်နိုင်ငံ ဟိုကိုင်းဒိုး၊ ခိတမိမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အာရှနိုင်ငံများမှ နိုင်ငံကိုယ် စားပြုလူငယ်ဒါရိုက်တာများလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်မည့်လူငယ်ဒါရိုက်တာကိုးဦးမှာ မောင်ဂျွန်ယံမိုး၊ မောင်သူရိန်အောင်၊ မလင်းသံစဉ်၊ မရွှန်းလဲ့ဝေ၊ မဆု လတ်ရွှေရည်ဇော်၊ မောင်မြတ်ထွဋ်၊မမေနိုင်ဦးခင်၊ မောင်အေသိင်္ခနိုင်၊ မောင်ကောင်းကင်လင်းဒါတို့ဖြစ် ကြောင်း သိရသည်။
""သွားပြိုင်ဖို့အတွက် နည်းနည်း တော့ စိတ်လှုပ်ရှားတယ်။ ဒါပေမဲ့ လည်း သမီးတို့တွေကို ခေါင်းဆောင် ခေါ်သွားမယ့်သူလည်းပါတယ်။ နောက်သူငယ်
ချင်းတွေလည်းပါတဲ့အတွက် ကြောက်တော့ မကြောက်ပါဘူး။ ပြိုင်ပွဲမှာတော့ ကြိုးစားပြီးတော့ ဆု တံဆိပ်တွေလည်းရအောင် ယှဉ်ပြိုင် လာမှာပါ""ဟု ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ မဆုလတ်ရွှေရည်ဇော်ကပြောသည်။
၂၀၁၆ခုနှစ်အာရှနိုင်ငံတကာ ကလေးများရုပ်ရှင်ပွဲတော်တွင် မြန်မာ နိုင်ငံမှ ""ကျွန်ုပ်မနှစ်မြို့သောအရာ""ဟူသောခေါင်းစဉ်ဖြင့် ဇာတ်ကားသုံး ကားပါဝင်
ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။အာရှနိုင်ငံတကာကလေးများ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှပါ ၀င်ယှဉ်ပြိုင်ရန်အတွက် နှစ်စဉ်နှစ် တိုင်းဖိတ်ခေါ်ခြင်းခံရပြီး မြန်မာ နိုင်ငံမှ လူငယ်ဒါရိုက်တာများသွား
ရောက်ယှဉ်ပြိုင်လေ့ရှိသော ပြိုင်ပွဲ တစ်ခုဖြစ်ကြောင်း သိရသည်။
(၁၀)ကြိမ်မြောက်အဖြစ်ပြုလုပ် မည့် ၂၀၁၆ ခုနှစ် အာရှနိုင်ငံတကာ ကလေးများရုပ်ရှင်ပွဲတော်ကို ဂျပန် နိုင်ငံ ဟိုကိုင်းဒိုး၊ ခိတမိမြို့တွင် နိုဝင် ဘာ ၂၆ ရက်တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။၂၀၁၅ ခုနှစ်တွင်ပြုလုပ်ခဲ့သော ]]အာရှနိုင်ငံတကာ ကလေးများရုပ် ရှင်ပွဲတော်တွင် နိုင်ငံ ၁၆ နိုင်ငံနှင့် တစ်ဒေသမှ ကိုယ်စားပြုလူငယ်ဒါရိုက် တာများမှာ ဇာတ်ကား ၃၀၀ ကျော် ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင်
မြန်မာ နိုင်ငံမှ နှစ်ကားဆုရရှိခဲ့ကြောင်း သိရ သည်။
NN

No comments:

Post a Comment