Monday, November 21, 2016

ခရိုကြား

မောင်တောရေ ဘကြီးတော့ရွာပြန်တော့မှ ဖြစ်တော့မယ် ဟေ့လို့ တရားရိပ်သာမှအပြန် အိမ်ကို ရောက်ရောက်ချင်း ဘကြီးချက်စူစကား ကြောင့် ကျုပ်တို့လင်မယားနဲ့ တပည့်ကျော် ဗလပိစိတို့သုံးယောက်သား အံ့အားသင့် မိပါတယ်။ ကျုပ်က ဘာပြုလို့လဲ ဘကြီး ချက်စူရယ် အိမ်မှာပျော်သလောက်နေပါ လားလို့ ပြောလိုက်မိတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်တော့တာပဲဗျို့။ ဘယ်သူဖြစ်ရ မလဲဗျာ၊ တပည့်ကျော် ဗလပိစိပေါ့။
ကားပေါ်ကနေ သယ်လာတဲ့ ဘကြီးချက်စူရဲ့ အိပ်ရာလိပ်၊ အထုပ်အ ပိုးတွေ၊ ဆက်တီကုလားထိုင်ပေါ် ချပြီး တာနဲ့ ဆရာတောရာ ဘကြီးချက်စူပြန် ချင်လဲ ပြန်ပါစေဗျာ။ ဟ ဘာဖြစ်လို့လဲ ဗလပိစိရဆိုတော့ ဆရာတောလုပ်ပုံ ကြည့်ဦးလေဗျာ။ မကောင်းကျောင်းပို့ ပြောရမလား၊ ဇိကုပ်နတ်ပြည်တင်လို့ ပြောဖို့လဲ ခက်သားလားဗျ။ ဘကြီးချက် စူခမျာ ဆရာတောတို့ မင်္ဂလာဆောင်ပြီး ကတည်းက တရားစခန်းဝင်ခိုင်းလိုက်တာ တစ်လတောင်ကြာသဗျာ။ အခု ဆရာ တောက ဘကြီးချက်စူကို ပျော်သလောက် နေပါဆိုပြီး နောက်ထပ် ဘယ် တရားစခန်း ပို့ဦးမလဲ။ ဆရာတောလင်မယား လွတ် လွတ်လပ်လပ်နေချင်လည်း တရားစခန်း ကိုတော့ မပို့ပါနဲ့တော့။ ကျုပ်အိမ်ပဲ ပို့လိုက်ပါဗျာလို့ ခရားရေလွှတ်သလို ပြောချလိုက်သဗျ။ တပည့်ကျော် ဗလ ပိစိ စကားကြောင့် ကျုပ်တို့လင်မယား ရဲ့မျက်နှာ ဘယ်သွားထားရမှန်းတောင် မသိတော့ပါဘူးဗျာ။ မဟုတ်သေးပါဘူး ဗလပိစိရာ မင်းပြောသလို မဟုတ်ရပါဘူး ကွာဆိုတော့ မဟုတ်ဖူးသာ ဆရာတော ကပြောတာဗျ။ လက်တွေ့ အဲ့လိုဖြစ်နေ တာဗျာတဲ့။



အဲဒီတော့မှ ဘကြီးချက်စူက အေးလကွာ၊ မောင်တောက ဘကြီးချက် စူကို ဘယ်စိတ်နဲ့ပဲတရားစခန်းပို့ပို့ ကျေးဇူးတင်ရသကွ။ ဘာလို့လဲဆိုတော့ အခုအ သက်အရွယ်အထိ ဘယ်တရား စခန်းမှမဝင်ဖူးသေးဘူး။ မောင်တော ကျေးဇူးကြောင့် တရားထိုင်ဖူးတာ။ တရား ထိုင်နည်းသိသွားတာ ဗလပိစိရ။ အင်း ...အနည်းဆုံး ဟောဒီခန္ဓာကိုယ်ကြီး ရဲ့ ဖြစ်၊ပျက်ဆိုတဲ့ မတည်မြဲတဲ့ သဘော တရားလေး သိသွားတာဟေ့။ သာဓု သာဓု သာဓု ပါကွယ်လို့ ပြောသဗျ။

ဘကြီးချက်စူ စကားအဆုံး မှာပဲ တပည့်ကျော်ဗလပိစိက ဒါဆို ဘကြီး ချက်စူ ရွာကိုဘာလို့ ပြန်ချင်ရတာလဲဗျ လို့မေးတော့ ရွာမှာ စပါးရိတ်ချိန်ရောက် နေပြီ။ အဲဒါကြောင့် ပြန်တာလို့ ပြန်ဖြေ သဗျ။

တပည့်ကျော် ဗလပိစိက ဘကြီးချက်စူရဲ့ အဖြေစကားကို ကျေနပ် ပုံမရပါဘူး။ ဒီအတွက် တပည့်ကျော် ဗလပိစိက ဘကြီးချက်စူကို ဘကြီးချက်စူ စကားကလည်းဗျာ ကျုပ်တို့ရွာက ဒေါ် မယ်ဒွေး သေချင် သလို ဖြစ်နေပြီဗျ လို့ ပြန်ပြောတယ်ဗျ။ ကျုပ်က ဘာဖြစ်လို့လဲ ဗလပိစိရဆိုတော့ ဒီလိုလေဗျာ။

ကျုပ်တို့ရွာမှာ ဒေါ်မယ်ဒွေးဆိုတဲ့ အဘွားကြီးတစ်ယောက် ရှိတယ်ဗျ။ သူ့မှာ သားနှစ်ယောက်၊ သမီးနှစ် ယောက်ကမွေးတဲ့ မြေးဆယ်ယောက်နဲ့ အတူနေ မိသားစုတွေပေါ့ဗျာ။ အရွယ်မရောက်သေးတဲ့ ကလေးတွေဆိုတော့ ဆော့ကြ၊ ရန်ဖြစ်ကြ၊ ရယ်ကြ၊ ငိုကြပေါ့ ဗျာ။ မြေးတွေကများတော့ သူတို့မိဘတွေ လည်း မထိန်းနိုင်တော့ လွှတ်ထားတာ ပေါ့။ အင်း ကလေးတွေကြောင့် ဒေါ်မယ် ဒွေးခမျာလည်း ညဘက်ညဘက် ဘုရား တောင် ဖြောင့်ဖြောင့် ရှိမခိုးရဘူးတဲ့ဗျ။

အဲ တစ်ရက်တော့ ဒေါ်မယ်ဒွေး ဘုရားရှိခိုးနေတုန်း သူ့မြေးကန်လိုက်တဲ့ ပလတ်စတစ်ဘောလုံးက သောက်တော် ရေဗန်းပေါ်ကျပြီး ဂလုံဂလွမ်နဲ့ဖြစ်ပြီး လန့်သွားတာပေါ့။ အဲဒီမှာ ဒေါ်မယ်ဒွေး က ငါ့နှယ် သေတာသေလိုက်ချင်တာပဲ လို့ပြောတုန်း မြေးယောက်ျားကလေး တွေက ဂိုးဆိုပြီး အော်ကြတယ်ဗျ။ အဲဒီ မှာ ဒေါ်မယ်ဒွေးကြီးက နင်တို့တစ်တွေ နဲ့ ငါသေမှအေးမယ်ဆိုပြီး အိမ်ထဲက ထွက်မယ်လုပ်တော့ သူ့သမီးအကြီးမက အမေ ဘယ်သွားမလို့တုန်းတော့ မိုး ချုပ်နေပြီဆိုတော့ သင်္ချိုင်းသွားသေမလို့ ဟေ့၊ သေမလို့ဟလို့ပြောပြီး အိမ်ပေါက် ဝရောက်တော့ ဟဲ့မောင်လုံးပြား မီးခွက် ယူခဲ့စမ်းဆိုပြီး သူ့သားအကြီးကို ခိုင်း တယ်။ အို အမေကလည်းဗျာ ဆိုတော့ ဗျာတွေ ခင်ဗျာတွေလုပ်မနေနဲ့ဟဲ့ လမ်း မှာမှောင်ကမှောင်သနဲ့ သင်္ချိုင်းသွား သေမယ့်ဟာ လမ်းတင်ြေ>ွမကိုက်သေနေ ဘယ်နှယ့်လုပ်မတုန်းဟဲ့ ဆိုသလို ဘကြီး ချက်စူက ဖြစ်နေပြီဗျတဲ့။

ဒေါ်မယ်ဒွေးက သေတာသေ ချင်တာြေ>ွမကိုက်မှာကြောက်သလို ဘကြီးချက်စူကလည်း တရားစခန်းက အပြန် ခန္ဓာကိုယ်ကြီးရဲ့ ဖြစ်၊ ပျက်ဆိုတဲ့ မတည်မြဲတဲ့ တရားသဘောကိုသိတာ စပါးခင်းတွေရဲ့ ဖြစ်ပျက်သဘောကို မ သိတော့ ရွာကိုပြန်ချင်တာနေမှာပေါ့ဗျာ လို့ပြောသဗျ။ ဘကြီးချက်စူက သိတာချင်း မတူဘူး ဗလပိစိရ။ ဘကြီးချက်စူက ဖြစ်ပျက်ကလေးသိရုံနဲ့ ချက်ချင်း နိဗ္ဗာန် မရောက်ပေမယ့် စပါးခင်းတွေက ရိတ် ချိန်လွန်သွားရင် အပျက်အစီးများတယ်။ ဆန်ကြိတ်ရင် ဆန်ကွဲများတယ် ဗလပိစိ ရဲ့လို့ ပြောရှာသဗျား။

အဲဒီမှာ ဗလပိစိက ဆန်ကွဲများ တော့ ကောင်းတာပေါ့ ဘကြီးချက်စူရ လို့ ပြောသဗျ။ ကျုပ်လည်း မနေနိုင်တော့ တာနဲ့ ဝင်ပြောမိသဗျ။ ပေါက်ပေါက်ရှာ ရှာ ဗလပိစိရာ ဆန်ကြိတ်တာ ဆန်ကွဲတွေ ဖြစ်ကုန်တာ ဘယ်ကောင်းမလဲဟ။ အဲ ဒါပြောတာပေါ့ ဆရာတောရ၊ ဆရာ တောတို့ ခေတ်နောက်ကျနေပြီဗျ။ အခု ကျုပ်တို့မြန်မာပြည်ကပို့တဲ့ ဆန်တွေ တရုတ်က မယူကြတော့ဘူးဗျ။ အဲတစ်ခု တော့ရှိတယ်နော် ဆန်ကွဲတော့ယူတယ် တဲ့ဗျ။ နောက်ပြီး တချို့နိုင်ငံတွေက လည်း မြန်မာပြည်ကဆန်ထက် ဆန်ကွဲ ဝယ်ယူချင်တဲ့အကြောင်း ကမ်းလှမ်းတယ် ဆိုပဲဗျလို့ ပြောလိုက်တယ်။

ကျုပ်လည်း ပြောပြီးရော စွာကျယ်မက အင်္ကျီအဝတ်အစားလဲပြီး ကျုပ်အနားလာထိုင်တယ်။ ပြီးတော့မှ ကျုပ်တို့ငယ်ငယ်ကလို နေမှာပေါ့တော်။ အဲဒီခေတ်တုန်းက အစိုးရဆန်တွေကို တစ်ရွာကနေတစ်ရွာ မသယ်ရဘူးဆိုပြီး အမိန့်ထုတ်ထားတယ်တော့။ အဲဒီမှာ ဆန်ဈေးကျပြီး ဆန်ကွဲဈေး ကောင်းတော့ တာပဲလို့ပြောတော့ ဗလပိစိက ဘာလို့ တုန်း စွာကျယ်မရဲ့လို့ ဝင်မေးပြန်သဗျ။

ဒီလို ကိုဗလပိစိရဲ့ အဲဒီတုန်း က ပဲစင်းငုံကလည်း တားမြစ်သီးနှံထဲပါ သတော့။ အဲဒီတော့ ပဲတီစိမ်းအခွံချွတ် ပြီး ပဲဝါကလေးဆိုပြီး သယ်ရတယ်တော့။ ဆန်ကျတော့ ဆန်ကွဲကြိတ်ပြီးမှ သယ်ပြီး ရောင်းရတယ်လေ။ ပဲဝါလေးကို ပဲမှုန့် ကြိတ်တဲ့စက်တွေက ဝယ်တယ်။ ဆန်ကွဲ ကျတော့ ကြာဆံစက်တွေက ဝယ်တော့ ဈေးကောင်းရတာပေါ့ရှင်လို့ စွာကျယ်မ ကပြောသဗျ။

 အေးဟ တို့လည်း အဲဒီတုန်း က ဆန်ကောင်းတွေကို ဆန်ကွဲကြိတ်ပြီး သယ်ရောင်းရသေးတယ်လို့ ဘကြီးချက် စူက စွာကျယ်မကို ဝင်ပြီးထောက်ခံသဗျ။ နောက်ပြီးမှ ဒါပေမဲ့ကွယ် အခု ငါ့စပါးခင်း က စပါးတွေပျက်လို့ ဆန်ကွဲတော့မဖြစ် ချင်ပေါင်ဗျာ။ စပါးတွေလည်း အရောင်း ပျက်မခံနိုင်ဘူးဟေ့။ အခုလိုစပါးပေါ် ချိန်မှာ စပါးတွေပေါတော့ ရောင်းမယ့် သူကများ ကုန်သည်ကဈေးနှိမ်တာ တို့ ဗမာ့ထုံးစံလိုပေါ့ကွာ။ တရုတ်က သူဝယ် မှ တို့ဗမာတွေ ရောင်းရမယ်ဆိုပြီး သက် သက် လူလည်ကျတာကွ။ အချိန်တန် တော့လည်း ဈေးကောင်းပြန်ရတာပဲလေ။ ဒီတော့ ငါ့လယ်ကထွက်တဲ့စပါးကို တော့ ဆန်ကွဲအဖြစ်မခံတော့ဘူးလို့ ပြောတော့ ဘကြီးချက်စူ ရွာပြန်မယ့် ကိစ္စ မတားကြတော့ပါဘူး။

စွာကျယ်မက သူလည်းရွာ ပြန်မယ့်အကြောင်း ပြောလာတယ်ဗျ။ စွာကျယ်မက တချို့ကိစ္စတွေမှာ သိပ်လျှို့ ဝှက်တာဗျ။ လင်မယားချင်းတောင် အသိမပေးဘူး။ သူလုပ်ချင်တာ သူလုပ် တာလေ။ အခုလည်း ကျုပ်က ရွာကိုဘာ လို့ပြန်မှာလဲဆိုတော့ သူတို့ရွာက ဆင်း ရဲတယ်တဲ့။ ထရံကာ သက်ငယ်မိုးအိမ် တွေပဲရှိတာတဲ့။ တချို့အိမ်တွေဆို ဝါး ကပ်ပဲကာထားရတာ။ အနေဆင်းရဲကြ တယ်တော့။ လျှပ်စစ်မီးဆိုတာ မြင်တောင် မမြင်ဖူးဘူးတဲ့။ သူလည်း ရန်ကုန် ရောက်မှ လျှပ်စစ်မီးမြင်ဖူးတာလို့ ပြော တယ်ဗျ။ အဲနောက်ပြီးမှ အဲဒါ တစ်ရွာ လုံးကို ပျဉ်ထောင်အိမ်လေးတွေ ဆောက် လှူမလို့ ရွာပြန်ဦးမယ်လို့ ပြောတာလို့ ရှင်းပြတယ်ဗျ။

ရွာမှာ အိမ်ခြေဘယ်လောက် ရှိလဲမေးတော့ တစ်ရာ့ရှစ်အိမ်တဲ့။ တစ် ရွာလုံးသုံးဖို့အတွက် ရွာဦးကျောင်းမှာ မီးစက်အကြီးတစ်လုံးလည်း ဝယ်လှူဦး မလို့တဲ့ဗျ။ သူ့ပိုက်ဆံနဲ့သူ လှူတာဆိုတော့ လင်မယားချင်းပေမယ့် ကြိုပြီးသိစရာ မလိုပါဘူးဗျာ။ သူလည်း ကောင်းတဲ့ကိစ္စ လုပ်တာပဲလေ။ စွာကျယ်မကို ရွာက အိမ်တွေအားလုံး ဘာလို့ဆောက်လှူ တာလဲလို့ ဗလပိစိကမေးတော့ သူဒီရွာမှာ မွေးလို့ အခုလိုချမ်းသာတာတဲ့။ နောက် ထပ် လမ်းဘေးမြေဧကနှစ်ဆယ် ဝယ် ထားပြီး ပြန်ရောင်းထားတဲ့ငွေဆယ်ပုံ တစ်ပုံတောင် မကုန်ဘူးတဲ့ဗျ။ အဲဒါကြောင့် မွေးရပ်ရွာကို ကျေးဇူးဆပ်တာတဲ့။

 အေးဟာ စွာကျယ်မတို့များ ကိုယ့်မွေးရပ်မြေကို ကျေးဇူးဆပ်တော့ ခရိုနီတွေ အမိမြန်မာပြည်ကြီးရဲ့ ကျေး ဇူးကိုသိတတ်ရင် သိပ်ကောင်းမှာပဲလို့ တပည့်ကျော် ဗလပိစိကပြောသဗျ။ နောက်ပြီး စွာကျယ်မကို မေးခွန်းတစ်ခု မေးသဗျ။ ဒါနဲ့နေပါဦး စွာကျယ်မရဲ့နင် က ဒီလောက်ချမ်းသာတာ ခရိုနီလားလို့ မေးတော့ မဟုတ်ပေါင်တော် ခရိုနီဆိုတာ အစိုးရနဲ့ပေါင်းစားပြီး ချမ်းသာတဲ့သူတွေ တော့။ ကျွန်မက အမေ့အမွေလေးကို ခရိုနီ တွေကိုရောင်းစားတဲ့ ခရိုကြားပါတဲ့။ ကောင်းရောဗျို့..ကောင်းရော။

No comments:

Post a Comment