Saturday, November 19, 2016

ရီယိုဒီဂျနေရိုးပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းအား အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး

ဘရာဇီးတွင် Operation Car Wash ဟု အမည်ပေးထားသော အကျင့်ပျက်ခြစားမှုအား ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုအတွင်း ရီယိုဒီဂျနေရိုး ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား လာဘ်စားမှုနှင့် ငွေကြေးခ၀ါချမှု စွဲချက်များဖြင့် နိုဝင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သော ဆာဂျီယို ကက်ဘ်ရယ်အား ရီယိုရှိ လူကုံထံရပ်ကွက် လက်ဘလွန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း ဖက်ဒရယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment