Wednesday, November 23, 2016

ထိုင်းအစိုးရက နှစ်သစ်ကူးလက်ဆောင်အဖြစ် ဆင်းရဲသားများကို ဘတ်ငွေ ၁၀ ဘီ လီယံပေးမည်

ထိုင်းအစိုးရက နှစ်သစ်ကူး လက်ဆောင်အဖြစ် ဆင်းရဲသားများ အား ဘတ်ငွေ ၁၀ ဘီလီယံကိုပေး ဝေရန် စီစဉ်လျက်ရှိကြောင်း၊ မြို့များ ရှိ ဆင်းရဲသားများကို တစ်ဦးလျှင် ဘတ် ၁၅၀၀ မှ ၃၀၀၀ အထိပေး သွားမည်ဖြစ်ကြေင်း ဖော်ပြခဲ့သည်။ ပိုက်ဆံဝေငှပေးမည့်သူ ဆင်း ရဲသားများသည် တစ်နှစ်လျှင် ၀င်ငွေ တစ်သိန်းအောက်ဝင်ငွေရှိသူသာဖြစ် ရမည်ဟုဆိုသည်။ ဤစီမံကိန်းမှာ မူလက အစိုးရ အဖွဲ့ဆုံးဖြတ်ခဲ့သော ၀င်ငွေနည်း လယ်သမားများအား တစ်နိုင်ငံလုံး တွင် ဘတ်ခြောက်ဘီလီယံအသုံးပြု သွားမည့်စီမံကိန်းနှင့်အတူတူဖြစ် သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယခင်စီမံကိန်းအရ တစ်နှစ်လျှင် ဘတ် ၃၀၀၀၀ အောက် ၀င်ငွေရ သောလယ်သမားများအား ဘတ်ငွေ ၃၀၀၀ ပေးရန်လျာထားခဲ့သည်။ တစ် နှစ်ဝင်ငွေဘတ် ၃၀၀၀၀ ကျော်ရ သော လယ်သမားသည် တစ်နှစ်လုံး ၀င်ငွေဘတ် ၁၀၀၀၀၀ အောက်သာ ရခဲ့ပါက ဘတ်ငွေ ၁၅၀၀ ပေးသွား မည်ဖြစ်သည်။

သတင်းများကဖော်ပြသည်မှာ ဆင်းရဲသားများအား ငွေပေးချေ သည့်အချက်အလက်များကို အခြေ ခံ၍ ပေးသွားမည်ဖြစ်သည်။ အစိုးရ ကတစ်နှစ်ကိုဘတ်တစ်သိန်းအောက် ၀င်ငွေရှိသူများအား စာရင်းပေးသွင်း ရန် စီစဉ်ခဲ့သည်။
စာရင်းဇယားများအရ စာရင်း ပေးထားသူ ရှစ်သန်းရှိကြောင်း ဖော်ပြခဲ့သည်။ ထိုအထဲတွင် သုံး သန်းမှာ လယ်သမားများဖြစ်ကြသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက စာ ရင်းသွင်းထားသူအားလုံးအကျုံးဝင် မ၀င်ကို ဆုံးဖြတ်ပေးရမည်ဖြစ်သည်။
နှစ်သစ်ကူးငွေထုတ်ပေးမှုကို ယခုလနှောင်းပိုင်းနှင့်လာမည့်လ ဆန်းပိုင်းတွင် စတင်လုပ်ဆောင် သွားမည်ဟု သိရသည်။
ဤငွေထုတ်ပေးမည့်အစီအစဉ် ကို အစိုးရအဖွဲ့ကအတည်ပြုပေး သွားမည်ဖြစ်သည်။ အစိုးရက အ တည်ပြုခဲ့ပါက ဆင်းရဲသားနှင့်လယ် သမားရှစ်သန်းကျော်ဘတ်ငွေ ၁၆ ဘီလီယံကို လက်ခံရရှိကြမည်ဟုဆို သည်။
အစောပိုင်းကမူ အစိုးရက ဆင်းရဲသားများအတွက် နှစ်သစ်ကူး တွင် လျှပ်စစ်နှင့်ရေအတွက် တည် ဆောက်ပေးသွားရန် စီမံထားခဲ့ ကြောင်း ဘဏ္ဍာရေးဝန်ကြီး အပီ ဆက်တန်ဖီတိုရာဝေါင်ကပြောကြား ခဲ့သည်။
တစ်နှစ်လျှင်ဝင်ငွေ တစ်သိန်း မရသူအား အစိုးရက လျှပ်စစ်ဓာတ် အားခနှင့်ရေဖိုးကျသင့်ငွေကို ထောက် ပံ့ပေးမည်ဟု ၎င်းင်းကပြောသည်။ ထို့ အပြင် အစိုးရက လူမှုဖူလုံရေးအ တွက် ဘတ်စ်ကားနှင့် ရထားအခမဲ့ စီးခွင့်ကိုပါစီစဉ်ပေးသွားမည်ဟု ဆို သည်။
Ref:Bangkok Post

No comments:

Post a Comment