Tuesday, November 22, 2016

အာဆင်နယ်နောက်ခံလူ ဘယ်လာရင် စာချုပ်သစ် လက်မှတ်ရေးထိုး

စပိန်နောက်ခံ ဟတ်တာ ဘယ်လာရင်က အာဆင်နယ်အသင်းမှာ နှစ်ရှည်စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရှိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ညာနောက်ခံလူဟာ အာဆင်နယ်အသင်းနှင့် ၂၀၁၁ ခုနှစ်က ပူးပေါင်းခဲ့ပြီး ဒါက ပထမအသင်းမှာ နေရာ စတင်ယူလာတာဖြစ်ပါတယ်။ ဘယ်လာရင်ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လက နှစ်ရှည် စာချုပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် လူငယ်အသင်းမှာ ကစားခဲ့တဲ့ အဟောင်း ဘာစီလိုနာအသင်းဆီ ပြန်ပြောင်းဖို့ ချိန်ဆက်ခဲ့သလို မန်စီးတီးကလည်း စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ အာဆင်နယ်အသင်းက ဟက်တာ ဘယ်လာရင်ကို နောက်ထပ် ၆ နှစ်ခွဲစာ စာချူပ်အသစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ်လို့ သိရှိရပါတယ်။ "ကျနော် ဒီမှာ အချိန်အကြာကြီး နေခဲ့ပြီးပါပြီ။ ဒီကလပ်က ကိုယ့်အိမ်လို ခံစားရပြီး ဒီလိုလုပ်တာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။"လို့ ဘယ်လာရင်က ပြောပါတယ်။ "နှစ်ပေါင်းများစွာ ပိုပြီး ဂန်းနားတစ်ယောက်အဖြစ် ရှိနေဆဲမို့ ကျနော် အလွန်ပျော်ရွှင်မိပါတယ်။"လို့ ဆိုပါတယ်။ ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့အတူ ဒီရာသီ (၁၁) ပွဲအပါအဝင် (၆၇) ပွဲ ကစားခဲ့ပြီးသူဖြစ်ပါတယ်။ Ref; BBC

No comments:

Post a Comment