Wednesday, November 23, 2016

ပြင်သစ်နယူးကယ်လီဒိုးနီးယားတွင် မြေပြို ၁၁ ဦးပျောက်ဆုံးနေ

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းရှိ ပြင်သစ်ပိုင် နယူးကယ်လီဒိုးနီးယား တွင် နိုဝင်ဘာ ၂၂ ရက်က မြေပြို ကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၁ ဦးပျောက်ဆုံးနေကြောင်း ဒေသအာ ဏာပိုင်များကပြောသည်။ နယူးကယ်လီဒိုးနီးယားမြို့တော် နိုအူးမီးယားမှအနောက်မြောက် ဘက် မိုင် ၁၅၀ အကွာရှိံသကငေူသက ဧရိယာတွင် ပြီးခဲ့သည့်ရက်က မိုး သည်းထန်စွာရွာသွန်းခဲ့သဖြင့် မြေ ပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် အနည်း ဆုံး ၁၁ ဦးပျောက်ဆုံးနေကြောင်း၊ ဝေးလံခေါင်ဖျားသော ဒေသတွင် ဖြစ်ပွားသောကြောင့် သတင်းအတိ အကျမရသေးကြောင်း၊ မြို့ပြလုံခြုံ ရေးဌာနပြောရေးဆိုခွင့်ရှိသူ Olivier Ciry ကပြောသည်။ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားသည့် ဒေသသို့ရဲတပ်ဖွဲ့နှင့်ကျန်းမာရေးအဖွဲ့များသွား ရောက်ကူညီ ကယ်ဆယ်ရေးလုပငန်းများဆောင်ရွက်နေကြောင်း၊ ရာ သီဥတုဆိုးရွားပြီး လမ်းများ၊ လျှပ် စစ်ဓာတ်အားလိုင်းများ ပြတ်တောက် နေသဖြင့် ကယ်ဆယ်ရေးရဟတ်ယာဉ်သည် သတ်မှတ်ထားသောနေ ရာသို့ မရောက်ခင်ရပ်နားခဲ့ရကြောင်း OLivier ကပြောသည်။


မြေပြိုမှုကြောင့် နေအိမ်ငါးလုံး ပျက်စီးပြိုကျခဲ့ပြီး ကလေးများအပါ အ၀င် ၁၁ ဦးခန့်ပျောက်ဆုံးနေ ကြောင်း၊ ငါးဦးမှာဒဏ်ရာရရှိခဲ့ ကြောင်း၊ နောက်ထပ်နာရီအနည်း ငယ်အထိ ရာသီဥတုမှာဆက်လက် ၍ ဆိုးရွားနေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများနှောင့်နှေးကြန့်ကြာခဲ့ရ ကြောင်း ၎င်းင်းကပြောသည်။ ဒေသ ခံများကို မိုးအဆက်မပြတ်ရွာသွန်း ခြင်း၊ ရေကြီး၊ မြေပြိုခြင်းတို့ကြောင့် ခရီးသွားလာခြင်းမပြုရန် အစိုးရက သတိပေးချက်ထုတ်ပြန်ထားသည်။ ဒေသခံတိုင်းရင်းသားများနေ ထိုင်သော တောင်ပေါ်ဒေသများ တွင် မြေပြိုမှုများကြုံတွေ့ရပြီး အ နောက်ဘက်ကမ်းခြေနှင့်ဆက်သွယ် ထားသော အဝေးပြေးလမ်းပျက်စီး သွားကြောင်း သိရသည်။ ရာသီဥတု ဆိုးရွားခြင်းကြောင့် ဒေသတွင်းရှိ ကျောင်းများပိတ်ထားကြောင်း သိရ သည်။ Ref:AFP

No comments:

Post a Comment