Saturday, November 26, 2016

လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိနိုင်သည်ဟုယူဆသည့် စာတမ်းရှင်များကို ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေစာတမ်းဖတ်ပွဲတွင် ပါဝင်ခွင့်မပြု

အိမ်စည်ခေတ်ပြိုင် သမိုင်းဆိုင်ရာစာ ပေစာတမ်းဖတ်ပွဲတွင် ဖတ်ကြား ရန်ပေးပို့ကြသည့် စာတမ်းရှင်များ အနက်မှ   လက်ရှိဆောင်ရွက်နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် ပြဿနာရှိနိုင်သည်ဟု ယူဆ သည့်စာတမ်းရှင်များကို ပါဝင်ခွင့် မပြုခဲ့ကြောင်း သိရသည်။ြ ပန်ကြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ခေတ်ပြိုင်သမိုင်းဆိုင်   ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ် ဈေးရောင်းပွဲ တော်ကို ဒီဇင်ဘာလ ၁ ရက်မှ ၄ ရက်အထိ ပြုလုပ်ရန်စီစဉ်လျက် ရှိပြီး ယင်းပွဲတော်တွင်ဖတ်ကြားရန် အတွက် စာတမ်းရှင်များကို ဖိတ် ခေါ် ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဖိတ်ခေါ်ရာတွင် ၁၉၄၈ ခုနှစ် မှ မျက်မှောက် ကာလအထိ ခေတ်ပြိုင် သမိုင်း ဆိုင်ရာ စာပေအဖြစ် နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍအလိုက် စာတမ်း အင်္ဂါရပ်နှင့်အညီ ပေးပို့ကြရန် ဖိတ်ခေါ်ခဲ့ရာ ပေးပို့ကြသည့် စာ တမ်း များမှာ စုစုပေါင်း ၂၅ စောင် ရှိသည်။                    ၄င်းတို့အနက် စာတမ်း ၁၄  စောင်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း စာတမ်းဖတ်ပွဲဖြ စ်မြောက် ရေးကော်မတီမှ သိရသည်။



အဆိုပါ စာတမ်းဖတ်ပွဲတွင် ပါဝင်ဖတ်ကြားခွင့်နှင့် ပတ်သက်၍  စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီနှင့် စာတမ်းဖတ်ပွဲကြီး ကြပ်ရေး သဘာပတိအဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ ပါဝင်ခွင့်မပြုခဲ့ သည့် စာတမ်းရှင်များကို အကြောင်း ပြန်ကြားရာတွင်  လူကြီးမင်း ၏စာတမ်းသည် လက်ရှိဆောင်ရွက် နေသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ပြဿနာရှိသည်ဟု ယူဆသောကြောင့် ဆိုင်းငံ့ထားပြီး   နောက်ပြုလုပ်မည့် စာတမ်းဖတ်ပွဲ များတွင် ဖတ်ကြားနိုင်ရေးအတွက် ဆက်လက် ဖိတ်ခေါ်သွားမည်ဟု အကြောင်းပြန်ခဲ့သည်များ ရှိခဲ့ သည်ဟု  သိရသည်။

ယင်းသို့ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ စာတမ်းဖတ်ကြားခွင့် မရသည့် ဆရာနောင်ကျော်က ၄င်းရေးသားသည့် စာတမ်းမှာ      ‘ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ ကောက်မတ်စောက်သော လမ်း များ ‘ အမည်ဖြင့်ရေးသားထားသည့် စာတမ်း ဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင် ရာ သမိုင်းကြောင်းနှင့်ပတ်သက်၍ ယနေ့ခေတ်အထိ ရေးသားထား သည့် အကြောင်းအရာများဖြစ် သည်ဟုဆိုသည်။

”ငြိမ်းချမ်းရေးသမိုင်းပါ။    ဗမာပြည်မှာ ပြည်တွင်းစစ်ငြိမ်း ချမ်းရေး လှုပ်ရှားမှုကိစ္စရယ်၊ ပြည် တွင်းစစ် ဘာကြောင့် ဖြစ်ခဲ့သလဲ ဆိုတာရယ်၊ နောက်ဗမာပြည်မှာ အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေရယ်  ဒီနေ့ အထိ ကောက်ကြောင်းဆွဲပြီး ရေး ထားတာပါ”ဟု ဆရာနောင်ကျော် ကပြောသည်။

ယင်းသို့ ပါဝင်ဖတ်ကြားခွင့် မရသည့်အကြောင်းရင်းနှင့် ပတ် သက်၍လည်း ”ဗမာပြည်ငြိမ်းချမ်း ရေးမရတဲ့ကာလတွေမှာ အစိုးရ အဆက်ဆက်က ငြိမ်းချမ်းရေးတကယ်မလိုချင်လို့ဆိုပြီး အစိုးရ အဆက်ဆက်ကို မှတ်ချက်ပေးထား တာရှိတယ်။ အဓိက က ဗမာပြည် မှာ ငြိမ်းချမ်းရေးရချင်လို့ရှိရင် ဟိုတုန်းကတော့ ငြိမ်းချမ်းရေးဆွေး နွေးတယ်ဆိုတာ သူပုန်နဲ့အစိုးရပဲ ဆွေးနွေးတာလေ။ နိုင်ငံတကာ မှာရော ဗမာပြည်မှာရော၊  ဒီနေ့ ခေတ်ကျတော့ သူပုန်နဲ့အစိုးရတင် မကတော့ဘူး။ တပ်ပါ ပါလာတယ်။  တပ်က အရေးကြီးတဲ့အဆုံးအဖြတ်   နေရာကိုရောက်လာတယ်ဆိုပြီး ကျွန်တော်ရေးတယ်။ အဲဒီတော့ တပ်က သဘောမတူရင် ဗမာပြည် ငြိမ်းချမ်းရေးမရနိုင်ဘူးဆိုတဲ့ မှတ် ချက်တွေ ပေးထားတာတွေရှိတယ်။ အဲဒီလိုပြောထားတဲ့ကိစ္စတွေ အပေါ်မှာ သူတို့ကော်မတီတွေက ကြောက်သလား မသိပါဘူးဗျာ။ ဒီမိုကရေစီအခွင့်အရေးတွေက ဗမာပြည်မှာ တကယ်မရှိသေးဘူး ဆိုတာ ဒီဖော်ပြချက်က သက်သေ ပြတာပဲလို့ ကျွန်တော်ပြောချင်ပါ တယ်” ဟုဆိုသည်။

ထို့အတူ ဆရာရန်မျိုးသိန်းက လည်း ¤င်းအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရေးသားထားသည့် စာတမ်းဖြစ်ပြီး နိုင်ငံ၏ ဒီမိုကရေဒီနိုင်ငံတည် ဆောက်ရာတွင် ဖွဲ့စည်းပုံနှင့် ငြိမ်း ချမ်းရေးအကျပ်အတည်း သည်  အဓိက ကျသည့်အတွက် ရေးသား ထားခြင်းဖြစ် သည်ဟု ဆိုသည်။

”ကျွန်တော့်ရဲ့ စာတမ်းကို လက်ရှိဆောင်ရွက်နေတဲ့ ပြည်   တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မကိုက်လို့ဆိုပြီး အကြောင်းပြပြီး တော့ ဆိုင်းငံ့လိုက်တာကတော့ ဒါကြောင်းကျိုးဆီလျော်မှုမရှိဘူးလို့ ကျွန်တော်တို့မြင်တယ်။  အဲဒီ တော့ ဒီမိုကရေစီ အစိုးရလက်ထက် မှာ ပိုပြီးတော့ပွင်လင်းမြင်သာမှု ရှိရှိနဲ့ ပြောရေးဆိုခွင့်တွေ ပိုရလာ ဖို့လိုတယ်။ အစိုးရကိုယ်၌ကလည်း ပြောင်းလဲဖို့ လိုအပ်တယ်လို့မြင်ပါ တယ်” ဟုဆိုသည်။

လက်ရှိတွင် ခေတ်ပြိုင်သမိုင်း ဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲ တော်ကျင်းပရန်အတွက် ပါဝင် ရောင်းချလိုသည့် စာအုပ်အရောင်း ဆိုင်များကို ဖိတ်ခေါ်လျက်ရှိသည်။

No comments:

Post a Comment