Sunday, November 27, 2016
ရွှေလင်ဗန်း၊ ကနောင်၊ ယုဇနအိမ်ရာများမှ အခန်း ၆၀၀ ကျော်ကို အရစ်ကျဖြင့် လျှောက်ထားဝယ်ယူနိုင်
တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာများမှ အခန်း ၆၀၀ ကျော်ကို စတင်ရောင်းချမည် ဖြစ်ရာ ဒီဇင်ဘာ ၁၈ ရက် နောက် ဆုံးထား လျှောက်ထား ၀ယ်ယူနိုင် ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ သတင်းရရှိသည်။ေ ရွှလင်ဗန်း၊ ကနောင်၊ ယုဇန တန်ဖိုးနည်း အိမ်ရာများမှ ဆောက်လုပ်ရေး ၀န်ကြီးဌာန ခွဲ တမ်းဖြစ်သည့် အခန်း ၆၀၀ ကျော် ကို ဘဏ်ချေးငွေဖြင့် အရစ်ကျပုံစံ ရောင်းချပေးမည်ဟုဆိုသည်။ေ လျှာက်လွှာများကိုရန်ကုန် မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ပေါ်ရှိ ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေးဘဏ်တွင် စုံစမ်းဝယ် ယူလျှောက်ထားနိုင်ပြီး နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အ တွင်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဝယ်ယူခွင့်မှာ ရှစ်နှစ်အရစ် ကျပုံစံဖြင့် ငွေပေးသွင်းရမည်ဖြစ် ပြီး အခန်းများမှာ ကျပ်သိန်း ၁၀၀ မှ သိန်း ၁၂၀ ခန့် ရှိကြောင်း သိရ သည်။
ယခု ရောင်းချသည့် အသုတ် သည် ဆောက်လုပ်ရေး ၀န်ကြီး ဌာနပိုင် အခန်းများကို ရောင်းချ ခြင်းဖြစ်ပြီး ကျန်သည့် အခန်း ၃,၃၀၀ ကျော်ကို ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က ၎င်းတို့အ စီအစဉ်ဖြင့် ရောင်းချရန် စီစဉ်နေ သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာ နသည် တစ်နိုင်ငံလုံးတွင် တန်ဖိုး နည်းအိမ်ရာ တိုက်ခန်း ၁၈၀,၀၀၀ ကျော်တည်ဆောက်ရန် စီစဉ်ထားပြီး ရန်ကုန်မြို့၌ အခန်း ၈,၀၀၀ တည်ဆောက်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
သြဂုတ် ၁ ရက်က စတင်ပြု လုပ်ပေးသည့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ် ရာဝယ်ယူခွင့်ငွေစုစာအုပ် (Hou- sing Saving) အရေအတွက် လေးလကျော်အတွင်း  ၅,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
‘‘အခုလို စာအုပ်ရှိတဲ့သူတွေ ကို ၀ယ်ခွင့်ပေးမှာဖြစ်တဲ့အတွက် နောက်ပိုင်းစာအုပ်လာလုပ်တဲ့သူ တွေ များလာနိုင်တယ်။ အခုတော့ အရမ်းမများသေးဘူး။ ဒီလကုန် ရင်တော့ စာအုပ်လာလုပ်တဲ့ သူ တွေများလာမှာသေချာတယ်’’ ဟု အဆိုပါဘဏ် ဒါရိုက်တာ ဦးဝင်း ဇော်က ပြောသည်။ မိုးညို
No comments:
Post a Comment