Monday, November 28, 2016

မိုးကုတ်မြို့၏ အမှိုက်ပုံနှင့်သင်္ချိုင်းမြေနေရာရွှေ့ပြောင်းပေး ရန် ဒေသခံများ က တောင်းဆို

မန္တလေးတိုင်း ဒေသကြီးမိုးကုတ်မြို့တွင် ဒေသခံများ စွန့်ပစ်ကြသည့် အမှိုက်ပုံများနှင့် ဂူ သင်္ချိုင်းမြေနေရာ များမှ အမှိုက်မီးရှို့ ခြင်း၊ မီးသဂြုင်္ိဟ်ခြင်းတို့မှထွက်ရှိ သည့် မီးခိုးငွေ့နှင့်အနံ့ဆိုးများကို ဒေသခံများ ခံစားနေရသည့်အတွက် အဆိုပါအမှိုက်ပုံများနှင့်သင်္ချိုင်းကို မြို့နှင့်ခုနစ်မိုင်ဝေး ကွာသည့် မြေ နေရာသို့ ရွှေ့ပြောင်းပေးရန်လိုအပ် နေကြောင်း မိုးကုတ် စည်ပင်သာ ယာ ရေးကော်မတီထံမှ သိရသည်။ "အခုလက်ရှိစွန့်ပစ်နေကြတဲ့ အမှိုက်ပုံက မြို့နဲ့အရမ်းနီးကပ်နေ ပြီး အနံ့တွေ က မြို့ထဲကိုဝင်နေပြီ။ အမှိုက်ပုံတွေကလည်း အရမ်းကြီး နေပြီဖြစ် တဲ့အတွက် ဒီနေရာကနေ ရွှေ့ပေးဖို့ လိုအပ်နေပြီ။ ဒီတော့ အမှိုက်ပုံကို ထပ်မပစ်ဘဲ မြို့နဲ့ခုနစ် မိုင်လောက်ဝေး တဲ့ နေရာတစ်ခုမှာ ပြောင်းပြီးပစ်ဖို့ စီစဉ်ထား တယ်။ ဒါ ပေမဲ့ အမှိုက်ကျင်းနေရာသတ်မှတ် ပေးဖို့ အစိုးရအဖွဲ့ကို တင်ပြတော့ ကန့်ကွက်တာနှစ်ခါရှိပြီ။ မိုးကုတ်မှာ က အမှိုက်ပစ်ဖို့နဲ့သင်္ချိုင်း လုပ်ဖို့ အ ဆင်ပြေတာဆိုလို့ ဒီနေရာပဲရှိပါ တယ် " ဟု မိုးကုတ်မြို့စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌဦးဝင်းတင့် ကပြောကြားသည်။


အဆိုပါအမှိုက်ပုံနှင့်သင်္ချိုင်းမီး ရှို့မှုမှထွက်ရှိသည့် မီးခိုးငွေ့များ မိုး ကုတ်မြို့တွင်းသို့ ၀င်ရောက်မှုကြောင့် အနံ့များပျံ့နှံ့နေ သည့်အတွက် မြို့ နှင့်ခုနစ်မိုင်ခန့်ကွာဝေးသည့်နေရာ ကို အမှိုက်ကျင်းအဖြစ် သတ်မှတ် ပေးရန် သက်ဆိုင်ရာသို့ စာတင်ထား ကြောင်း သိရှိရသည်။
"အမှိုက်ပစ်ဖို့အတွက် မြေနေ ရာတင်ပြမှုအပိုင်းမှာမလုပ်ဖို့ ကန့် ကွက်ထားတာတော့ မရှိဘူး။ တောင်း ဆိုထားတဲ့မြေနေရာက ဧက ၂၀၀ လောက်ကျယ်ဝန်းနေတယ်။ နောက် ပြီး သစ်တောဧရိယာမှာလည်း တစ် စိတ်တစ်ပိုင်းပါနေတဲ့အတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့အဆင့်နဲ့ ခွင့် ပြုပေးလို့ မရဘူး။ ပြည်ထောင်စုအ စိုးရအဆင့်ကို တင်ပြဖို့လိုတယ်လို့ အကြောင်းပြန်ထားတယ် " ဟု မန္တ လေးတိုင်းဒေသကြီးသစ်တောနှင့် သယံဇာတ၀န်ကြီးဦးမျိုးသစ်ကပြော သည်။
မိုးကုတ်မြို့တွင် လူဦးရေတစ် သိန်းခုနစ်သောင်းကျော်နေထိုင် လျက်ရှိပြီး မြို့၏အရှေ့ပိုင်းနှင့်အ နောက်ပိုင်းရပ်ကွက် တို့မှ နေ့စဉ် ထွက် ရှိသော အမှိုက်များ ကို နေ့စဉ်တစ် တန်ခွဲယာဉ် ၁၅ စီးဖြင့် အမှိုက်များ ကို စွန့်ပစ်ပေးနေကြောင်း သိရသည်။
MTK

No comments:

Post a Comment