Friday, November 18, 2016

တစ်ဒေါ်လာ ၁၃၁၅ ကျပ် အထိ ပြင်ပဈေးကွက်တွင် စံချိန်တင်မြင့်တက်

အစိုးရသစ် လက်ထက်တွင် ပြည်တွင်း အမေရိကန် ဒေါ်လာငွေလဲလှယ် သည့် ဈေးနှုန်း ၁၃၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး အိမ်ခြံမြေနှင့် စတော့ဈေးကွက် အေးနေခြင်းကြောင့် ဒေါ်လာဈေးကွက် အတွင်း ၀င်ရောက် လုပ်ကိုင်သူများပြီး ဒေါ်လာဈေး တက်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာ အ၀ယ် ၁၃၁၅၊ အရောင်း ၁၃၁၆ ထိ ပေါက်ဈေးရှိနေသည်။ ကမ္ဘာ့ရွှေဈေးမှာ ၁၂၂၆ ဖြစ်ကာ မြန်မာ့ရွှေဈေးမှာ ၈၆၉၀၀၀ ကျပ် ဖြစ်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ပုဂ္ဂလိက ဘဏ်နှင့် Exchange Counter များ၏ အမေရိကန်ဒေါ်လာ . ပေါက်ဈေး မှာ အ၀ယ် ၁၂၇၉ ၊ အရောင်း ၁၃၀၀ ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ပြင်ပ ဈေးကွက် ပါက်ဈေးများအရ သိရသည်။

နိုင်ငံတကာ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ဈေးသည် အကျပိုင်း ကို ရောက်နေသည့် အပြင် အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကြောင့် ဆက်လက် ကျဆင်းနိုင်ဖွယ် ရှိနေသော်လည်း ပြည်တွင်းတွင် ဒေါ်လာ ၀ယ်လိုအား မြင့်နေသည့်အပြင် ကုန်သွယ်ရေး လိုငွေပြနေခြင်းကြောင့် ပြည် တွင်းဒေါ်လာဈေး တင်းမာနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
မြန်မာနိုင်ငံ၏ ပျှမ်းမျှငွေကြေး ဖောင်းပွမှုသည် ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် ၂.၈၂ ရာခိုင်နှုန်း ၊ ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ၂.၈၅ ရာခိုင်နှုန်း ၊ ၂၀၁၃ -၂၀၁၄ ခုနှစ်တွင် ၅.၇၂ ရာခိုင်နှုန်း ၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၅.၉၀ ရာခိုင်နှုန်း ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၁၁.၄၄ ရာခိုင်နှုန်း ရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှသိရသည်။
The Ladies News

No comments:

Post a Comment