Saturday, November 19, 2016

ထွန်တုံးတိုက်ပွဲဝင်တောင်သူများနှင့်ပတ်သတ်၍ မန်းတွင်သတင်းစာရှင်းလင်းပွဲလုပ်

ဒေသတွင်း ထွန်တုံးတိုက်ပွဲလုပ်နေတဲ့ တောင်သူတွေ ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့ တယက(တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ)ရုံးဟောင်းမှာ ဒီနေ့နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီမှာ သတင်းစာရှင်း လင်းပွဲပြုလုပ်နေပါတယ်။ လက်ရှိမှာ့  ပြင်ဦးလွင်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့ မြေယာပြဿနာတွေအပေါ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးဟန်ထွန်းက ပရိုဂျက်တာနဲ့ပြသပြီွး ရှင်းလင်းပြောဆိုနေပါတယ် ။ေ တာင်သူတွေအပါအ၀င် တောင်သူတွေဘက်က လိုက်ပါဆောင်ရွက်နေသူတွေနဲ့ပတ်သက်ပြီး ရှင်းပြနေတာပါ။ သတင်းစာရှင်းလင်းပွဲမှာ သယံဇာတနဲ့ သစ်တောဝန်ကြီးဌာန၀န်ကြီးဦးမျိုးသစ်၊ စိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ် စက်မှုလက်မှု နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးဇာနည်အောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲမှူးကြီးဟန်ထွန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့တက်ရောက်နေတာကို တွေ့ရပြီး သတင်းဌာနအစုံတက်ရောက်သတင်းယူနေပါတယ်။

No comments:

Post a Comment