Friday, November 18, 2016

ရာသီကုန်တွင် အယ်လ်အေဂလက်စီကို စွန့်ခွာတော့မည်ဟု တိုက်စစ်မှူး ရော်ဘီကိန်း ပြော

အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းဟာ ဒီနှစ်အကုန်မှာ အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်စီအသင်းကို စွန့်ခွာတော့မယ်လို့ ပြောလိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ ဒီနှစ်အဆုံးမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၁ မှာ ပရီးမီးယားလိဂ်ကလပ် စပါးကို စွန့်ခွာပြီး ဂလက်စီအသင်းကို ရောက်ရှိလာကာ ၅ နှစ်ကြာ ကစားခဲ့ပါတယ်။ တိုက်စစ်မှူး ကိန်းဟာ ဂလက်စီအတွက် ၁၄၆ ပွဲ ကစားပေးထားပြီး ၉၂ ဂိုး သွင်းပေးထားပါတယ်။ အခုအချိန်အထိ ကောင်းကောင်းကစားနိုင်သေးတယ်လို့ ခံစားရတဲ့အတွက် နောက်ထပ် စွန့်စားမှုတခုကို ရှာဖွေသွားမယ်လို့ ကိန်းက ပြောပါတယ်။ သူဟာ အသင်းကို မေဂျာလိဂ်မှာ ဖလား ၃ ခုရအောင် ကူညီနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း ၂၀၁၄ ရာသီမှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

No comments:

Post a Comment