Wednesday, November 23, 2016

ရေးမြို့နယ်၌ အောက်ဆီဂျင်လိုအပ်သည့်လူနာများအား အခမဲ့ဖြန့်ဝေ

မွန်ပြည်နယ် ရေးမြို့နယ်ပြည်သူ့ဆေးရုံ နှင့်တိုက်နယ်ဆေးရုံအပြင် မြို့ပေါ် ရပ်ကွက်လူနေအိမ်များမှ အောက်ဆီဂျင် လိုအပ်နေသည့်လူနာများကို မြို့နယ် နာရေးကူညီမှုအသင်းမှ ငွေကြေး ထောက်ပံ့မှုဖြင့် ၂ဝ၁၆ ခုနှစ်အတွင်း ယနေ့အချိန်အထိ လူနာတစ်သောင်းခွဲ ဝန်းကျင်ခန့်အား အောက်ဆီဂျင် အခမဲ့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။ ''အရင်ကငွေအင်အားနဲ့ အောက် ဆီဂျင်ဘူးတွေက အခက်ခဲတွေရှိလာပေ မယ့် နာရေးကူညီမှုအသင်းက ငွေကြေး ကူညီလာတာကြောင့် အခက်ခဲတွေ မရှိပါဘူး။ ဒါပေမယ့် အောက်ဆီဂျင် လိုအပ်တဲ့ လူနာများတဲ့အချိန်တွေနဲ့ ကြုံတဲ့အခါမှာ မော်လမြိုင်ကနေ တစ်ဆင့် အရေးပေါ်မှာယူသုံးစွဲပြီး ပြန် လည်ဖြန့်ဝေပေး ခဲ့ရပါတယ်''ဟု ကူညီ လုပ်ကိုင်ပေးနေသူ ဦးသန်းဌေးက ပြော သည်။ အဆိုပါ အောက်ဆီဂျင်လိုအပ်နေ သည့် လူနာများကို ၂ဝ၁၁ ခုနှစ်မှစ၍ မြို့ပေါ်ရှိ တက်ြ<ွကလှုပ်ရှားသော လူငယ် အဖွဲ့မှ စတင်ဦးဆောင်ကာ ယနေ့အချိန် တွင် မြို့နယ်နာရေးကူညီမှုအသင်းနှင့် ပူးပေါင်းကာ အောက်ဆီဂျင်များကို အခမဲ့ဖြန့်ဝေပေးနေသည့်အပြင် အရေး ပေါ်လူနာတင်ယာဉ် လုပ်ငန်းများကို လည်း ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ေ နမျိုးထွဋ်(ရေး)

No comments:

Post a Comment