Monday, November 21, 2016

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများ ဆေးရုံတွင် ကုသနေ

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သန္နီတံတားပေါ်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ယောက် ထိခိုက် ဒါဏ်ရာ ရရှိခဲ့ပြီး အတွင်းလူနာအဖြစ် အရေးပေါ်ကုသမှုခံယူနေသူ ၂ ဦး လားရှိုးပြည်သူ့ဆေးရုံးကြီးတွင် ခွဲဆိပ်ကုသမှု ခံယူ လျှက်ရှိသည်။ ယမန်နေ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာအချို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ တပ်မတော်သား ၁ ဦး၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့ပြီး အရပ်သား ၁၈ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ အကောက်အခွန်ဝန်ထမ်း ၂ ဦး စုစုပေါင်း ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment