Monday, November 21, 2016

ကားရပ်နားနေရာပေါ် လေယာဉ်ပျက်ကျပေါက်ကွဲ၊ လူ ၄ ဦး သေဆုံး

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်ထဲမှာ အရေးပေါ်လူနာတင်လေယာဉ် တစီးပျက်ကျခဲ့လို့ နှလုံးအစားထိုးကုသနေတဲ့ လူနာတဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ပိုက်ပါလေယာဉ်အမျိုးအစား လေယာဉ်အမှတ် PA 31 ပျက်ကြခဲ့လို့ လူနာနဲ့ လူနာတင်လေယာဉ်ဝန်ထမ်း ၃ ဦး သေဆုံးခဲ့တယ်လို့ မေရာသတင်းက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အယ်ကိုဒေသဆိုင်ရာ လေယာဉ်ကွင်းမှ လေယာဉ်ထွက်ခွာပြီးပြီးချင်း လေယာဉ်ကွင်းအနီးအနားက ကားရပ်နားရာနေရာပေါ်ကို လေယာဉ်က ပျက်ကျခဲ့တာလို့ နယူးယော့ခ်ပို့စ်တ် သတင်းဌာနက သတင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ် မြေပြင်ပေါ်က တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့ ဒေသခံသတင်းဌာနတွေကလည်း ပြောပါတယ်။



လူနာကို ယူတက်တက္ကသိုလ်ကို သယ်ဆောင်စဉ် ဒီလိုစိတ်မကောင်းစရာဖြစ်ရပ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ အခြေစိုက် Medflight လေယာဉ်ကုမ္ပဏီက “ဒီဖြစ်ရပ်အတွက် ကျနော်တို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်” လို့ ဆိုပါတယ်။

“အမျိုးသားသယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့၊ ဖယ်ဒရယ်လေကြောင်းဌာန အဖွဲ့တွေက လေယာဉ်ပျက်ကြတဲ့ ကိစ္စကို စုံစမ်းထောက်လှမ်းနေလို့ ကျနော်တို့တွေ ဒီအဖွဲ့တွေနဲ့ အပြည့်အဝ ပူးပေါင်းလုပ်ဆောင်နေပါတယ်” လို့လည်း လေယာဉ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။

“အဲဒီအချိန်မှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ လုပ်ဖေmfကိုင်ဖက်တွေရဲ့ လိုအပ်ချက်တွေကို အမြန်ဆုံးလုပ်ဆောင်ပေးရင်း? ဒီလူတွေ စိတ်ချမ်းသာဖို့ကို ကျနော်တို့က ဦးစားပေး ဆောင်ရွက်ပါတယ်” လို့ ထပ်ဖြည့်ပြောလိုက်ပါတယ်။

လေယာဉ်ဘာလို့ ပျက်ကျသလဲဆိုတာကိုတော့ ခုထိမသိရသေးဘူးလို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment