Wednesday, November 30, 2016

လမ်းဘေးဈေးသည် ၃ဝဝ ကျော် ဈေးနေရာရရှိရန် အသနားခံစာတင်

ရန်ကုန်မြို့၊ လမ်းမတော် နှင့် လသာမြို့နယ်မှ လမ်းဘေးဈေးသည် ၃ဝဝ ကျော်က ဈေးနေရာ မရရှိသေးသည့်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်ထံ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အသနားခံစာ တင်ခဲ့ကြသည်။ " အဓိက ကျွန်မတို့တင်တာကတော့ ဒီပလက်ဖောင်းပေါ်မှာ ဈေးမရောင်းရလို့ အဓိကတင်တာ။ ကျွန်မတို့ကို သူတို့က ပထမတုန်းက ဓာတ်ပုံရိုက်တယ်။ မှတ်ပုံတင်နံပါတ် ကူးတယ်။ နေရာချပေးမယ်ဆိုပြီး အခုကြတော့ ကျွန်မတို့ မပါလာဘူး။ အရင်က သူတို့ သီးသန့် မပြောဘူး။ စားသောက်ကုန်နဲ့ သစ်သီးတန်းပဲပေးမယ်လို့ အဲ့ဒီလို မပြောထားဘူး။ အခုလောလောဆယ် လကုန်ရက်ကြမှ မနေ့ကစပြီးတော့ ကျွန်မတို့ကို နှင်တာပေါ့နော်။ လမ်းဘေးမှာ လုံးဝမရောင်းရဘူးဆိုတဲ့အကြောင်း။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့ စာလာတင်တာ။ "ဟု လသာမြို့နယ်တွင် ထီးဖိနပ်ရောင်းချသည့် လမ်းဘေးဈေးသည် ဒေါ်သန်းသန်းအေးက ပြောသည်။

No comments:

Post a Comment