Tuesday, November 29, 2016

ဆူဇူကီးပြိုင်ပွဲ အုပ်စု(ခ)အကောင်းဆုံးသွင်းဂိုး ငါးဂိုးတွင် အောင်သူ သွင်းဂိုး ပါဝင်

မြန်မာအသင်းတိုက်စစ် မှူး အောင်သူက ဗီယက်နမ်အ သင်းဘက်သို့ သွင်းယူ ခဲ့သည့် သွင်းဂိုးသည် ၂၀၁၆ အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်တစ်လျှောက် အ ကောင်းဆုံးသွင်းဂိုး ငါးဂိုးတွင် ပါဝင်ခဲ့သည်။ Football Channel Asia က ထုတ်ပြန်ခဲ့သည့် အကောင်းဆုံး သွင်းဂိုးငါးဂိုးတွင် ဗီယက်နမ်အ သင်းဘက်သို့ ဂိုးဧရိယာအစပ်မှ တိုက်ရိုက်ကန်သွင်းခဲ့သည့် မြန် မာအသင်း တိုက်စစ်မှူး အောင် သူ၏ သွင်းဂိုးက အဆင့် (၃)နေ ရာ၌ ရပ်တည်နိုင်ခဲ့သည်။ ကမ္ဘောဒီးယားအသင်းနှင့် ဗီယက်နမ်အသင်းတို့၏ ပွဲတွင် ကမ္ဘောဒီးယား ကွင်း လယ် ကစား သမား ပိုရော့သ်၏ ကိုက် ၂၀ အကွာမှ ကန်သွင်းခဲ့သည့် ဂိုးသည် ပထမနေရာ၌ ရပ်တည်ခဲ့ပြီး ယင်းပွဲတွင် ဗီယက်နမ်အသင်းခေါင်းဆောင် လီကောင်ဗင် သွင်းယူခဲ့သည့်ဂိုးမှာ ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။

အောင်သူ၏ သွင်းဂိုးမှာ တတိယနေရာတွင် ရပ်တည်ခဲ့ပြီး ကမ္ဘောဒီးယား အသင်းခေါင်း ဆောင် ဗက်ဟာနာကာ မလေး ရှားအသင်းဘက်သို့ သွင်းယူခဲ့ သည့်ဂိုးမှာ စတုတ္ထနေရာနှင့် မ လေးရှားအသင်း၏ တိုက်စစ်မှူး အမီရာဟန်း ကမ္ဘောဒီးယားအ သင်းဘက်သို့ သွင်းယူခဲ့သည့်ဂိုး မှာ ပဉ္စမနေရာတွင် ရပ်တည်ခဲ့ သည်။
ထို့အပြင် Goal.com မှထုတ်ပြန်ခဲ့သည့် ဆူဇူကီးပြိုင်ပွဲအုပ်စုပွဲစဉ်များအပြီး အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းတွင် မြန်မာအသင်းမှ တိုက်စစ်မှူး အောင်သူနှင့် နောက်ခံလူဇော်မင်းထွန်းတို့ ပါဝင်ခဲ့ပြီး ထိုင်းအသင်းမှ ကစား သမား သုံးဦး၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဗီယက်နမ်အသင်းတို့မှ ကစားသမား နှစ်ဦးစီ ပါဝင်ခဲ့သည်။
၂၀၁၆ ဆူဇူကီးပြိုင်ပွဲအုပ်စု ပွဲစဉ်များအပြီးတွင် ထိုင်းအသင်း တိုက်စစ်မှူး တီရာဆီလ်က သွင်း ဂိုးသုံးဂိုးဖြင့် ဦးဆောင်ထားပြီး သွင်းဂိုးနှစ်ဂိုး သွင်းယူထားသည့် ကစားသမားစာရင်း၌ မြန်မာအ သင်းမှ တိုက်စစ်မှူး အောင်သူနှင့် နောက်ခံလူ ဇော်မင်းထွန်းတို့ ပါဝင်လျက်ရှိသည်။
7Day Daily

No comments:

Post a Comment