Monday, November 28, 2016

မြန်မာ-ဂျပန် အရပ်ဘက်အဖွဲ့အစည်းနှစ်ခု ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် သန့်ရှင်းရေးလုပ်အားပေး

 မြန်မာ-ဂျပန် နှစ်နိုင်ငံ မှ အရပ်ဘက်လူမှုအဖွဲ့အစည်း နှစ်ဖွဲ့ ပူးပေါင်းပြီး စေတနာ့ဝန် ထမ်း ၁၀၀ ကျော်ဖြင့် ဗိုလ်တ ထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ ပိုင်းဆေးရုံကြီးတွင် သန့်ရှင်းရေး လုပ်အားပေးခဲ့ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ြ မန်မာ-ဂျပန် လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအသင်း (Myan-mar-Japan SEDA)နှင့် ဂျပန်နိုင်ငံအခြေစိုက် Kobe Associa-tion Corporate Executive အဖွဲ့ တို့ ပူးပေါင်း၍ နိုဝင်ဘာ ၂၆ ရက် က ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး ၌ အမှိုက်ကောက်ခြင်း၊ ဆေး ရုံအတွင်း သန့်ရှင်းရေးများ ပြုလုပ်ခြင်းနှင့် အမှိုက်စနစ်တကျ စွန့်ပစ် တတ်ရန် အသိပညာပေးဟော ပြောခြင်းများ ပြုလုပ်ခဲ့သည်။ ‘‘ဒီလိုလုပ်တာက ပြည်သူ့ ကျန်းမာရေးကိုလည်း အထောက် အကူပြုနိုင်အောင် အမှိုက်နဲ့ပတ် သက်ပြီး ပြည်သူတွေကိုလည်း အသိပညာပေးချင်တယ်။ နောက် ပြီး အများပြည်သူသုံးဆေးရုံတွေ မှာ သန့်သန့်ရှင်းရှင်းနဲ့ ပြည်သူ တွေ ဆေးကုသနိုင်အောင် လုပ် ပေးတာပါ’’ဟု Myanmar- Japan SEDA အသင်း ဒုဥက္ကဋ္ဌ ဦးသက်ဇော်က ပြောသည်။



ဆေးရုံများတွင် ယင်းသို့ သန့်ရှင်းရေး ပြုလုပ်ခြင်းသည် ယခုတစ်ကြိမ်နှင့်ဆိုလျှင် သုံးကြိမ် မြောက်ဖြစ်ပြီး ပြီးခဲ့သည့်လတွင်း အင်းစိန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးတို့၌လည်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ဆေးရုံများတွင် သန့်ရှင်းရေး ပြုလုပ်ရာ၌ မူလကတည်းက သန့်ရှင်းမှုရှိသည့် ဆေးရုံများရှိသော် လည်း အချို့ဆေးရုံများတွင် သန့်ရှင်းမှုရှိအောင် ပိုမိုလုပ်ဆောင်ခဲ့ ခြင်းများလည်းရှိကြောင်း ဦးသက်ဇော်က ဆက်လက်ပြောကြားခဲ့ သည်။

Myanmar-Japan SEDA အသင်းကို ၂၀၁၂ တွင် စတင် တည်ထောင်ပြီး လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေးနှင့် ဂျပန်စာများ အခမဲ့သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။ သက်အောင်

No comments:

Post a Comment