Thursday, November 17, 2016

ရင်းနှီးမြုပ်နှံမှု ကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၀ ခွင့်ပြုထား

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၀ ရှိပြီဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမဏီများညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ အစိုးရသစ်လက်ထက် ဇွန်လ ၇ ရက်နေ့ တွင် ပြန်လည်ဖွဲ့ စည်းခဲ့သော မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၀၁၆၁.၃၇၃) တန်ဖိုးရှိ လုပ်ငန်း ၆၉ ခုနှင့် ကျပ်သန်း ပေါင်း (၆၆၉ ၅၉၃ .၉၂၉ ) တန်ဖိုးရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၁ ခုကိုခွင့် ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမဏီများညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သောစာရင်းများအရ သိရသည်။

''ရင်းနှီးမြှုပ်နှံမှုကို ဒီ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာလျာထားချက်က ၆ ဘီလီယံလောက်လျာ ထားပါတယ်။ အခုထိတော့ ၂ ဘီလီယံကျော် နဲ့ ရင်းနှီးမြှုပ်နှံမှုတိုးတာနဲ့ ဆိုရင်တော့ ၃ဘီ လီယံလောက်ရနေပြီ။ အောက်တိုဘာလကုန်အထိ ၃.၂ ဘီလီယံလောက်ရထားပြီးပြီ။ မ နှစ်ကတော့ ၃.၇ ရတယ်ပေါ့။ မနှစ်ကနဲ့အောက်တိုဘာကုန်ယှဉ်ရင်တော့နည်းတာပေါ့'' ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး သန်းအောင်ကျော်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့သော (၂၁/၂၀၁၆) တွင်မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၂ ခုတို့ ကိုခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်ပေါင်း ၂၆၀၀ နီးပါးဖန်တီးပေးနိုင်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ချေကိုက်မှု၊အ လုပ်အကိုင်သစ်များဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့်အခွန်တိုးတက်ရနိင်မှု၊ ပြည်တွင်းပြည်ပဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန်လိုအပ်ချက်၊ တည်ဆဲဥပဒေများကိုလိုက်နာခြင်းစသည့် အချက်များအပေါ်အခြေခံ၍ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နောက်ဆုံးခွင့်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ဖြိုးထက်အောင်

No comments:

Post a Comment