Wednesday, November 23, 2016

မန္တလေးမြို့ အဝင်၊ အထွက်များတွင် လုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ တင်းကျပ်

မန္တလေးမြို့တွင်းသို့ အဝင်၊ အထွက်ပြုလုပ်နိုင်သည့် နေရာ ၁၂ နေရာတွင် လုံခြုံရေး နှင့် ရှာဖွေစစ်ဆေးမှုများ တင်း ကျပ်စွာ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ရှိ ကက်ပီတယ် နှင့် အိုးရှင်းစင်တာတို့တွင် ပေါက် ကွဲမှုအချို့ ဖြစ်ပွားပြီးနောက် မန္တ လေး၌ လုံခြုံရေးအင်အားနှင့် ရှာ ဖွေစစ်ဆေးမှုများ ပြုလုပ်ရာ အချိန်နှင့် နေရာတိုးမြှင့်ခြင်းများ လုပ်ဆောင်နေပြီး လုံခြုံရေးကို ယခင်ထက်ပိုမိုကြီးကြပ်ဆောင်ရွက် ထားကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးခင် မောင်သင်းက ပြောကြားသည်။ ‘‘ရန်ကုန်မှာဖြစ်တဲ့အတွက် သတိပေး စောင့်ကြည့်တာမျိုး တော့ရှိတယ်။ လုံခြုံရေးတိုးမြှင့် တာတော့မရှိဘူး။ အင်အားတိုး မြှင့်တာမဟုတ်ဘဲနဲ့ အချိန်တိုးမြှင့် တယ်။ နေရာတိုးမြှင့်တယ်။ လူ အင်အားက ဒါပဲရှိတာဖြစ်တယ်။ ရုံးပိတ်ရက်တို့မှာဆိုရင်တော့ အင်အားပိုတိုးမြှင့်တယ်။ ဧည့်စာရင်း မရှိတော့တဲ့အတွက် ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ စစ်တယ်’’ဟု ဒုရဲမှူး ခင်မောင်သင်းက ပြော သည်။



မန္တလေးတိုင်းရှိ လုံခြုံရေးကို ရေကြောင်း၊ လေကြောင်းနှင့် ကုန်းကြောင်းတို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်တို့ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကာ မန္တလေး မြို့ အဓိကဝင်ပေါက်များဖြစ် သည့် မြစ်ငယ်၊ ရတနာပုံ၊ ရွှေ ကျင်ဂိတ်၊ တံခွန်တိုင်၊ (၁၆)မိုင်ဂိတ် စသည့်နေရာများတွင် ပိုက်စိပ် တိုက်စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

လူစည်ကားရာနေရာများ ဖြစ်သည့် စူပါမားကက်၊ ရှော့ပင်း စင်တာ၊ ဈေးကြီးများ၊ အဝေးပြေး ကားဝင်းများတွင် ဖောက်ခွဲမှု တစ် စုံတစ်ရာမဖြစ်ပွားစေရန် ပတ်ဝန်း ကျင်၌ လူဝင်လူထွက်၊ မသင်္ကာ စရာပစ္စည်း တစ်စုံတစ်ရာတွေ့ပါ က သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားနိုင်ရန် တာဝန်ရှိ သူများအား နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်မည်ဟု သိရသည်။

‘‘အရင်ကတော့ အဝင်မှာ အိတ်တွေကို သေချာမစစ်ဖြစ် ဘူး။ အခုရန်ကုန်မှာလည်းဖြစ်နေ တော့ အမျိုးသမီးလက်ကိုင်အိတ် ကအစ အားလုံးမွှေပြီးတော့ စစ်ဆေးနေတယ်’’ဟု မင်္ဂလာမန္တလေးစူပါစင်တာရှိ လုံခြုံရေး တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်က ည ၇ နာရီကျော်တွင် မရမ်းကုန်းမြို့ နယ် ပြည်လမ်းနှင့် တော်ဝင်လမ်း ထောင့် အိုးရှင်းစင်တာ မြေညီထပ် ရှိ အများသုံးအမျိုးသားသန့်စင်ခန်းအတွင်းနှင့် ကားပါကင်တို့ တွင် ၁၀ မိနစ်အတွင်း အသံမြည်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး နိုဝင်ဘာ ၂၀ ရက်က ဒေါပုံမြို့နယ်ရှိ ကက်ပီတယ်ဈေးဝယ်စင်တာ နေရာနှစ်ခု၌ အသေးစားပေါက် ကွဲမှုလေးကြိမ် ဖြစ်ပွားခဲ့သည်။ ဖြိုးဖြိုးဇော်


No comments:

Post a Comment