Friday, November 18, 2016

သံလျင်တံတား အမှတ် (၃) တည်ဆောက်ရေး ဂျိုက်ကာထံမှ ချေးငွေရယူမှု အတည်ပြုပေးရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

သန်လျင်တံတား အမှတ် (၃) ကို ဂျပန်နည်းပညာ ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ကုန်ကျစရိတ်အမေရိကန်ဒေါ် လာ ၂၈၂ဒသမ၅၄ သန်း (ယန်း ၃၁ဒသမ၀၅ ဘီလီယံ)ကို ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JICA) ထံမှ ချေးယူခွင့်အတည်ပြုပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကထံသို့ အောက် တိုဘာ ၁၀ ရက်က သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တံတားသစ်တည်ဆောက်မည့် ချေးငွေအကြောင်းနှင့် စီမံကိန်းတို့ကို လာရောက်ရှင်းလင်းခဲ့တင်ပြခဲ့သည်။

No comments:

Post a Comment