Wednesday, November 23, 2016

ဖျက်သိမ်းခဲ့သော မန္တလေးဘူတာကြီး အဝိုင်းပတ် လမ်းဆုံနေရာတွင် ယာဉ်သွားလာမှု အဆင်ပြေစေရန် ယာယီ ဒစ်ဂျစ်တယ်မီးပွိုင့် တပ်ဆင်ပေးထား

ယာဉ်တိုက်မှု အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ကာ ဖျက်သိမ်းခဲ့သော ၇၈ လမ်းနှင့် လမ်း ၃ဝ ဆုံရာရှိ မန္တလေး ဘူတာကြီးအဝိုင်းပတ်လမ်းနေရာတွင် ယာဉ်သွားလာမှုအဆင်ပြေစေရန် ဒစ်ဂျစ်တယ် မီးပွိုင့်များကို ယာယီတပ်ဆင်ပေးထားပြီး လျာထားသည့် Real Time Traffic Light စနစ်သုံး မီးပွိုင့်များကို လာမည့် ၂ဝ၁၇ ခုနှစ် မတ်လမှသာ တပ်ဆင်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။ ''ယာဉ်မောင်းသူတော်တော်များများက အဝိုင်းပတ်လမ်းရဲ့ စည်းကမ်းသဘောကို နားမလည်ကြတာရယ်၊ ယာဉ်စီးရေကလည်း တစ်နှစ်ထက်တစ်နှစ်များပြားလာတာရယ်တို့ ကြောင့် ယာဉ်တိုက်မှုအန္တရာယ်တွေဖြစ်ပွား လာမှာကို စိုးရိမ်လာရတဲ့အတွက် နှစ်ပေါင်း ၂ဝ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဘူတာကြီးအဝိုင်းပတ်ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ အဆင့်မြင့် Real Time Traffic Light စနစ်သုံး မီးပွိုင့် တွေတပ်ဆင်ဖို့ အတွက်က အခြေခံဆက်စပ်နေတဲ့လုပ်ငန်းတွေကို ဆက် လက်ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။
အခုချက်ချင်းတပ်ဆင်ဖို့မဖြစ်နိုင်တာ ကြောင့် လောလောဆယ်မှာ ယာဉ် မောင်းတွေ စနစ်တကျမောင်းနှင်သွား လာနိုင်ဖို့ အတွက် နိုဝင်ဘာ ၁၉ ရက်ကနေစတင်ပြီး ယာယီဒစ်ဂျစ်တယ် မီးပွိုင့်တွေကို တပ်ဆင်ပေးထားသလို လမ်းတံတားဌာနကနေရပ်မျဉ်း၊ ယာဉ် ကြောခွဲမျဉ်းတွေကို ရေးဆွဲပေးထားပြီး ဖြစ်ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှု မရှိ စေရေးအတွက် ယာဉ်ကြောရှင်းလင်းတဲ့ ညပိုင်းအချိန်မှသာ လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး အာရုံခံကိရိယာစနစ်သုံး အဆင့်မြင့်မီးပွိုင့်တွေတပ်ဆင်ပြီးသွားရင်တော့ ဘူတာကြီးရှေ့မှာ အခုထက်ပိုပြီး ယာဉ်တွေ သွားလာရာမှာလွယ်ကူ အဆင်ပြေသွားမှာဖြစ်ပါတယ်''ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက နိုဝင်ဘာ ၂ဝ ရက်တွင် ပြောကြားသည်။ မန္တလေးမြို့တွင်း မီးပွိုင့်အရေအတွက် စုစုပေါင်း ၆၈ ခု ရှိရာ ယင်းတို့အနက် မီးပွိုင့် ၁၁ ခုတွင် Real Time Traffic Light စနစ်သို့ အဆင့် မြှင့်တင်ဆောင်ရွက်ပြီးဖြစ်ရာ ယာဉ် ကြော ကျပ်တည်းမှုပေါ်မူတည်၍ မီးပွိုင့်များကို Control Room မှတစ်ဆင့်ထိန်းချူပ်စေခိုင်းပေးနိုင်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း အဓိကအချက်အချာကျသည့် မီးပွိုင့် ၁ဝ ခုကို ဆက်လက်အဆင့်မြှင့်တင်နိုင်ရန် ငွေ ကျပ် သိန်းပေါင်း ၁၁ဝဝဝ သုံးစွဲ သွားရန်လျာထားသည်။
KSA

No comments:

Post a Comment