Friday, November 18, 2016

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုဖြင့် တရားစွဲထားသည့် တရားလိုကို စတင်စစ်ဆေး

ပြင်ဦးလွင်မြို့နယ် အုပ် ချုပ်ရေးမှူး ဦးတင့်နိုင်စိုးကို ၂၀၁၃အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တိုင်းတရား လွှတ်တော်တွင် စွဲဆိုထားသည့် အမှုကို အောက်တိုဘာ ၁၇ ရက်၌ တရားလိုဖြစ်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်မှ ဒုညွန်ချုပ်ဦးကောင်းသန့် ဇော်အား စစ်ဆေးခဲ့ကြောင်း မန္တ လေးတိုင်းဒေသကြီးတရားလွှတ် တော်တရားရေးဦးစီးမှူး ဦးမြင့်စိုး ကပြောကြားသည်။ ‘‘လာမယ့် ၂၉ ရက်မှာ ပြန် ချိန်းထားတယ်။ စစ်ဆေးတာ မပြီးသေးတဲ့အတွက် တရားလိုကိုပဲ ပြန်လည်ချိန်းဆိုထားတယ်’’ဟု ဦးမြင့်စိုးက ပြောသည်။ြ ပင်ဦးလွင်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးတင့်နိုင်စိုးကို ၂၀၁၃ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ စွဲဆိုထားသည့် အမှုတွင် တရားလိုသက်သေ ၁၁ ဦး၊ ပုဒ်မ ၈၇ တွင် တရားလိုပြ သက်သေ ၁၅ ဦးတင်သွင်းထား ကြောင်း တိုင်းတရားလွှတ်တော် မှ စုံစမ်းသိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေး မှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်းစာ ရေးတစ်ဦးကို ၂၀၁၃ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ၅၇ ဖြင့် ဒုညွန်ချုပ် (အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်) ဦးကောင်းသန့်ဇော် က တရားလိုပြုလုပ်ကာ အောက်တိုဘာ ၂၆ ရက်၌ အမှုဖွင့်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ပြင်ဦးလွင်မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ဒုဦးစီးမှူးတို့သည် ပြင် ဦးလွင်မြို့နယ် မကျီးအင်းကျေးရွာရှိ ပြည်ထဲရေးအမည်ပေါက်ရွာ မြေတိုးချဲ့ပေးရန်ဆိုကာ ဒေသခံ များထံမှ ငွေကြေးတောင်းခံခဲ့ပြီး ရာထူးတာဝန်အရ လုပ်ပိုင်ခွင့် အာဏာရှိသော နိုင်ငံ့ဝန်ထမ်း တစ်ဦးဖြစ်ပြီး ရာထူးတာဝန်ကို အအလွဲသုံးစားပြု၍ ကျေးရွာနေသူ များမှ တံစိုးလက်ဆောင်ရယူခြင်း အပါအ၀င် အဂတိလိုက်စားခဲ့ သည်ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အမှုနှစ်မှုစီဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။
ပြင်ဦးလွင်မြို့နယ်အုပ်ချုပ် ရေးမှူးသည် ၂၀၁၄ နိုဝင်ဘာနှင့် ၂၀၁၅ ဒီဇင်ဘာအတွင်း မကျီး အင်းကျေးရွာဒေသခံများထံမှ ပြည်ထဲရေးအမည်ပေါက်ရွာမြေ တိုးချဲ့ပေးရန်ဆိုကာ ငွေကျပ် ၁၃၅ သိန်းကျော်ကို တံစိုးလက် ဆောင်ရယူခဲ့သည်ဟု တိုင်းရဲတပ် ဖွဲ့မှူးရုံးမှတ်တမ်းတွင် ဖော်ပြ ထားသည်။
7 Day

No comments:

Post a Comment