Friday, November 18, 2016

ပုဂံဒေသတွင် မြန်မာထုတ်ကုန်ဈေးကွက် မြှင့်တင်ပွဲနှင့် မြန်မာပြည်တွင်း ထုတ်ကုန်ပြပွဲ ဒီဇင်ဘာလတွင် ကျင်းပမည်

မြန်မာထုတ်ကုန်ဈေးကွက် မြှင့်တင်ခြင်းပွဲ တော်နှင့် မြန်မာပြည်တွင်းထုတ်ကုန် ပြပွဲကို မန္တလေးတိုင်းဒေသကြီး ပုဂံ ညောင်ဦး ရွှေစည်ခုံဘုရားကွင်း၌ ဒီဇင်ဘာ ၃ဝ ရက်မှ ဇန်နဝါရီ ၄ ရက်ထိ ပြုလုပ်သွားမည်ဖြစ် သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဒေသခံပြည်သူများ၏ ဒီဇင်ဘာ ကျောင်း ပိတ်ရက်နှင့် နိုင်ငံတကာကလည်း အားလပ်ရက်ဖြစ်နေခြင်း တို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများ၊ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုပစ္စည်းများကို တစ်နေရာတည်းတွင် အခမဲ့ကြည့်ရှု လေ့လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်သည်။ ''ပြည်တွင်းဈေးကွက်မှာ ရောင်းအားကောင်းနေတဲ့ ကုန်ပစ္စည်းတွေ၊ တိုင်းရင်းသားရိုးရာပစ္စည်းတွေ မြန်မာအစားအစာတွေကို ပြသသွားမှာပါ၊ မြန်မာ့ရိုးရာအကကိုလည်း ရှေးခေတ်ကလို မြေဝိုင်းထဲမှာ မြန်မာ တူရိ ယာ တွေတီးခတ်ပြီး အခမဲ့ပြသသွားမှာ ပါ''ဟု ပြပွဲစီစဉ်သူ ဂင်္ဂါရွှေနဒီသဘာ ဝထုတ်ကုန်မှ မန်နေးဂျင်းဒါရိုက်တာ ကိုကျော်ခိုင်ထက်က ပြောကြားသည်။
''ပြည်တွင်းထုတ်ကုန်တွေ SME လုပ်ငန်းတွေလည်း ပါဝင်ပြ သနိုင် အောင် စီစဉ်ပေးထားတဲ့အတွက် ပြည်တွင်းထုတ်ကုန်တွေ ပြည်တွင်း ဈေးကွက်သာမက နိုင်ငံတကာဈေး ကွက်ကို တစ်နည်းတစ်မျိုးနဲ့ ရောက်ရှိ သွားနိုင်မှာဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါပြပွဲတွင် မြန်မာ့စီးပွား ရေးနယ်ပယ်အသီးသီးမှ စီးပွားရေးပညာရှင်၊ လုပ်ငန်းရှင်များ၏ မြန်မာ့ အစားအစာနှင့် ဆေးဝါးဈေးကွက် မြှင့်တင်ရေး စာတမ်းဖတ်ပွဲ၊ မြန်မာ နိုင်ငံမှ Professional Chef တစ်ဦး ၏ မြန်မာ့ရိုးရာဟင်းပွဲနှင့် အစား အစာယဉ်ကျေးမှုထုတ်ဖော်ပွဲ၊ မြန်မာ့ ရိုးရာအကနှင့် မြန်မာတူရိယာများ ဖြင့် တီးခတ်ဖျော်ဖြေပွဲများပါ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
AXE

No comments:

Post a Comment