Wednesday, November 30, 2016

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခိုးထွက်ရန်ကြိုးစားသူ ၁ဝ ဦး ဖမ်းဆီးရမိ

မောင်တောမြို့နယ်ရှိ နယ်စပ်ခြံစည်းရိုးအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခိုးထွက် ရန်ကြိုးစားသူ ၁ဝ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည ၁၂ နာရီ ခန့်က မောင်တောမြို့နယ် ရေတွင်းကျွန်းကျေးရွာ အနောက်ဘက်ရှိ နယ်စပ်ခြံစည်းရိုးအနီးတွင် မသင်္ကာဖွယ်ရာဓာတ်မီးရောင်များတွေ့ရှိ၍ သွားရောက်ရှင်းလင်းခဲ့ရာ ရေတွင်းကျွန်းကျေးရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ခိုးထွက်ရန်ကြိုးစားနေသူ ၁ဝ ဦးအား ဖမ်းဆီးရမိသဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment