Friday, November 18, 2016

ဒဂုံစင်တာတွင် အမျိုးသမီးတစ်ဦးကို ကတ်ကြေးဖြင့် ထိုးမှုကြောင့် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင် ခံထားရသည့် အမျိုးသားကို ထောင်ဒဏ် ၁၄ နှစ်ချမှတ်

ဒဂုံစင်တာတွင် အမျိုးသမီးတစ်ဦးကို ကတ်ကြေးဖြင့် ထိုးမှုကြောင့် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခံထားရသည့် အမျိုးသားကို ထောင် ဒဏ် ၁၄ နှစ် ချမှတ်လိုက်ကြောင်း စမ်းချောင်း မြို့နယ်တရားရုံးမှ သိရသည်။ စမ်းချောင်းမြို့နယ် တရားရုံး၌ နိုဝင်ဘာ ၁၁ ရက် ရုံးထုတ်တွင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ''ပုဒ်မနှစ်ခုကို တစ်သီးတစ်ခြားစီ ကျခံ စေတာပါ။ ပုဒ်မတစ်ခုကို ထောင်ဒဏ် ခုနစ် နှစ်စီပါ''ဟု စမ်းချောင်းမြို့နယ် တရားသူကြီးက ပြောသည်။ ၎င်းတို့နှစ်ဦးသည် အမှုမဖြစ်ပွားခင် နေ ပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်တွင် အလုပ် လုပ်ကတည်းက သမီးရည်းစားများ ဖြစ်ခဲ့ကြ ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခံရသည့် အမျိုးသားအား စွဲချက်တင် ထားသည့် (လူသတ်မှုကို ကျူးလွန်ရန် အား ထုတ်ခြင်း) ရာဇသတ်ကြီးပုဒ်မ ၃ဝ၇ အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်နှင့် (အပြင်း အထန် နာကျင်စေခြင်း) ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် တို့ကို တစ်သီးတစ်ခြားစီကျခံစေရန် အမိန့်ချ မှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၁၄နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။ ထိုပြစ်ဒဏ်မှ ချုပ်ရက်များကို ထုတ်နုတ်ခွင့် ပြုခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂ဝ ရက် ရုံးချိန်းတွင် ကတ်ကြေးဖြင့်ထိုးခဲ့သည့် အမျိုးသားအား ရာဇသတ်ကြီးပုဒ်မ ၃ဝ၇ (လူသတ်မှုကို ကျူးလွန် ရန် အားထုတ်ခြင်း)၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေခြင်း) တို့ဖြင့် စွဲချက်တင်ကြောင်း စမ်းချောင်းမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၆ ရက်က စမ်းချောင်း မြို့နယ် ဒဂုံစင်တာ(၁) ဒုတိယထပ်တွင် ဖွင့်လှစ်ထားသော ဖန်စီပစ္စည်းဆိုင်တစ်ဆိုင်၏ အရောင်းဝန်ထမ်းဖြစ်သူ အသက်၂၂ နှစ် အရွယ် အမျိုးသမီးကို သမီးရည်းစားကိစ္စဖြင့် စကားများရာမှ ရည်းစားဟောင်းဆိုသူ နေ ဒွေး(၂၃နှစ်)က ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။ ကတ်ကြေးဖြင့် ထိုးခံရသည့် အမျိုးသမီးတွင် မျက်လုံးအပါအဝင် မျက်နှာအနှံ့အပြား၌ ဒဏ်ရာများရရှိခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
အောင်ဖြိုးဦး

No comments:

Post a Comment